အမေရိကန်ပြည်ထောင်စုရဲ့ မြို့တော်ဖြစ်တဲ့ ဝါရှင်တန်ဒီစီ မြို့တော်ဝန်ရွေးကောက်ပွဲကို ၂၀၁၄ နိုဝင်ဘာလက ကျင်းပခဲ့တာမှာ အသက် ၄၂ နှစ်အရွယ် လူမည်းအမျိုးသမီး Muriel Bowser အနိုင်ရခဲ့ပါတယ်။ မြို့တော်ဝန်သက်တမ်းဟာ ၄ နှစ်ဖြစ်ပြီး၊ ပြန်လည်ရွေးကောက်ခံရတဲ့ ကာလပတ်လုံး သက်တမ်းအကြိမ်ပေါင်း အကန့်အသတ်မရှိ ထမ်းဆောင်ခွင့်ရှိတာ ဖြစ်ပါတယ်။ မဲဆန္ဒရှင်တွေကို ပေးထားတဲ့ကတိ မတည်ခဲ့ရင်တော့ မြို့တော်ဝန်အနေနဲ့ ပြန်လည် ရွေးကောက်ခံရ ဖို့ မျှော်လင့်ချက်မရှိပါဘူး။ ဝါရှင်တန်ဒီစီရဲ့ ဒုတိယမြောက် အမျိုးသမီး မြို့တော်ဝန်ဖြစ်တဲ့ Muriel Bowser အနေနဲ့ သူရာထူးလက်ခံ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားမှာ မြို့တော်ဝန်တဦးအနေနဲ့ ဘာတွေ ကတိပေးခဲ့သလဲဆိုတာကို ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်းက စုစည်း တင်ပြထားပါတယ်။