ပါကစ္စတန်တာလီဘန် ခေါင်းဆောင်သစ်

အမေရိကန် အဝေးထိန်းဒရုန်းယာဉ်နဲ့တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့တဲ့ ပါကစ္စတန်၊တာလီဘန်ခေါင်းဆောင် Mullah Fazlullah

အမေရိကန်ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် သူတို့ရဲ့ခေါင်းဆောင် သေဆုံးသွားပြီဆိုတာ ပါကစ္စတန်အစွန်းရောက် တာလီဘန်တွေက တရားဝင်အတည်ပြုလိုက်ပြီး သူ့ကို ဆက်ခံမယ့်သူတဦး ခန့်အပ်ကြောင်း ကြေညာလိုက် ပါတယ်။

စစ်သွေးကြွခေါင်းဆောင် Mullah Fazlullah (ဖာဇ်လူလာ) ဟာ သူ့ရဲ့ထိပ်တန်း ကွန်မန်ဒို ၄ ယောက်နဲ့အတူ အာဖဂန်နယ်စပ် Kunar (ခူနာ) နယ်မှာ မော်တော်ယာဉ်တန်းနဲ့ ခရီးသွားနေတုန်း ဇွန် (၁၃) ရက် ညသန်းခေါင် ကျော်အချိန် လူမပါတဲ့ ဒရုန်းယာဉ်က ပစ်ခတ်တဲ့ ဒုံးကျည်ထိမှန် သေဆုံး သွားခဲ့တာဖြစ်ပါတယ်။

Tehreek-e-Taliban Pakistan (TTP) လို့ လူသိများတဲ့ ပါကစ္စတန်-တာလီဘန် ဦးဆောင်အဖွဲ့က မာဖတီ နူး-ဝါလီ မေဆူးဒ် (Mufti Noor Wali Mehsood ) ကို ခေါင်းဆောင်သစ်အဖြစ်နဲ့ Mufti Mazahim (မာဇာဟင်းမ်)ကို သူ့ရဲ့လက်ထောက်အဖြစ် ရွေးချယ်ကြောင်း စနေနေ့က ထုတ်ပြန်ကြေညာပါတယ်။

သေဆုံးသွားသူ ဖာဇ်လူလာဟာ ပါကစ္စတန်နဲ့အာဖဂန်က အမေရိကန်ရဲ့ကျွန်တွေကို ခေါင်းခဲ ဦးနှောက် ခြောက်အောင် စွမ်းဆောင်နိုင်ခဲ့သူဖြစ်တယ်လို့ ချီးကျူး ထောပနာပြုထားကြပါတယ်။ TTP ခေါင်းဆောင်တွေဟာ အာဖဂန်နယ်စပ်မှာ ခိုအောင်းပြီး ပါကစ္စတန်ကို တိုက်ခိုက် နေတဲ့အတွက် ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း လူပေါင်းသောင်းနဲ့ချီ သေဆုံးခဲ့ရတယ်လို့ ပါကစ္စတန်က ပြောပါတယ်။

ပါကစ္စတန် စစ်သည်များ Kurram ဌာနကနေ ပြောင်းရွှေ့ကြစဉ်။

အမေရိကန်အစိုးရကလည်း ဖာဇ်လူလာ ကို ဆုငွေ ဒေါ်လာ(၅)သန်း ထုတ်ထားခဲ့ပါတယ်။

Your browser doesn’t support HTML5

ပါကစ္စတန်တာလီဘန် ခေါင်းဆောင်သစ်