Mueller အစီရင်ခံစာ တရားရေးဌာန ကြာသပတေးနေ့ ထုတ်ပြန်ဖွယ်ရှိ

ပြီးခဲ့တဲ့၂၀၁၆ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲကာလ အတွင်း ရုရှားနိုင်ငံက ဝင်ရောက် စွက်ဖက်မှုတွေ ရှိမရှိဆိုတာကို စုံစမ်းစစ်ဆေးခဲ့တဲ့ အထူးစုံစမ်းစစ်ဆေးရေးမှုး Robert Mueller ရဲ့ စာမျက်နှာလေးရာ နီးပါးရှိတဲ့ အစီရင်ခံစာကို တည်းဖြတ်ပြီး ကြာသပတေးနေ့မှာ ထုတ်ပြန်မယ်လို့ အမေရိကန်တရားရေး ဝန်ကြီးဌာနက ကြေညာပါတယ်။

အထူးစုံစမ်းစစ်ဆေးရေးမှူး Robert Mueller ရဲ့ ၂၂လကြာ စုံစမ်းစစ်ဆေးမှုကို အသေးစိတ်သိချင်လို့ အမေရိကန်ပြည်သူတွေက စောင့်နေကြ တယ်ဆိုပေမဲ့လည်း ၂၀၁၆ရွေးကောက်ပွဲကာလအတွင်း သူ့အနေနဲ့ မှားယွင်းတဲ့ လုပ်ရပ်တွေနဲ့ ဆက်စပ်တာတေ ွရှိမနေခဲ့ ဘူးဆိုတဲ့အကြောင်း အမေရိကန်သမ္မတဒေါ်နလ်ထရမ့်က မနေ့ကထပ်ပြီးပြောခဲ့ပါတယ်။

ရွေးကောက်ပွဲကာလမှာ ဝင်ရောက်နှောက်ယှက်မှုတွေ၊ စွက်ဖက်မှုတွေမရှိဘူးလို့ အထူးစုံစမ်းစစ်ဆေးရေးမှုး Robert Mueller ကရော နိုင်ငံတော် ရှေ့နေချုပ် Willion Barr ကပါပြောထားခဲ့ပြီးဖြစ်တယ်လို့ သမ္မတထရမ့်က တွစ်တာလူမှုကွန်ယက်ကတဆင့်ရေးသားဖေါ် ပြပါတယ်။

Your browser doesn’t support HTML5

Mueller အစီရင်ခံစာ တရားရေးဌာန ကြာသပတေးနေ့ ထုတ်ပြန်ဖွယ်ရှိ