ကမ္ဘာ့ နိုင်ငံပေါင်း ၃၀ ကျော်ကို ဖြတ်ပြီး မိုင်ပေါင်း ၃ သောင်းကျော်ကို ဆိုင်ကယ်စီးပြီး ခရီးနှင်မယ့် မြန်မာလူငယ် ၂ဦးရဲ့ ခရီးစဉ်ကို ဒီကနေ့ တနင်္ဂနွေနေ့မှာ စတင်မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံကနေ အင်္ဂလန်ထိသွားမယ့် MOTOURLOGUE - ဆိုင်ကယ် ခရီးနှင်မယ့် သူတွေကတော့ စိုင်းဇွမ်ဖနဲ့ ကိုအောင်ကျော်ဝင်းတို့ ဖြစ်ပါတယ်။
ဒီကနေ့ ဆိုင်ကယ်ခရီးကိုတော့ ရန်ကုန်မြို့ ရွှေတိဂုံ စေတီတော်ကနေ စတင်မှာ ဖြစ်ပြီး ဝိုင်းရံမယ့်သူတွေကိုလည်း ဖိတ်ခေါ်ထားပါတယ်။ ဒီကနေ့ စတင်မယ့် မြန်မာ - အင်္ဂလန် ခရီးစဉ်ကတော့ အောက်တိုဘာ လကုန်ပိုင်းလောက်ထိ ကြာမြင့်မယ်လို့ ခန့်မှန်းထားပါတယ်။
အခု ခရီးစဉ် အတွင်းမှာတော့ ထိုင်း၊ လာအို၊ တရုတ်၊ မွန်ဂိုလီးယား၊ ကာဂျစ္စတန်၊ ရုရှားနိုင်ငံတို့ကို ဖြတ်သန်းမှာ ဖြစ်ပြီး ဥရောပနိုင်ငံတွေထဲမှာတော့ ဖင်လန်၊ ဆွီဒင်၊ နော်ဝေ၊ ဂျာမနီ၊ နယ်သာလန်၊ ဘယ်လ်ဂျီယံတို့လည်း ပါဝင်ပါတယ်။
ကိုအောင်ကျော်ဝင်းနဲ့ စိုင်းဇွမ်ဖ တို့ ၂ ဦးက ပြည်တွင်းမှာ ဆိုင်ကယ်စီး ခရီးရှည်သွားတဲ့ အတွေ့အကြုံရှိသူတွေလို့လည်း ပြောဆိုထားပါတယ်။
Your browser doesn’t support HTML5