မီရှီဂန်ပြည်နယ် ပါတီတွင်းမဲပေးပွဲ အတွေ့အကြုံ
မီရှီဂန်ပြည်နယ်မှာ အင်္ဂါနေ့က ကျင်းပခဲ့တဲ့ ပါတီတွင်း သမ္မတလောင်း ပဏာမရွေးချယ်ပွဲမှာတော့ ဒီမိုကရက်ပါတီအတွက် လက်ရှိသမ္မတ ဂျိုးဘိုင်ဒန်က ဦးဆောင်အနိုင်ရပြီး၊ ရီပတ်ဘလစ်ကန်ပါတီအတွက် သမ္မတဟောင်း ဒေါ်နယ်ထရမ့်က အနိုင်ရနေပေမယ့် ၊ ရာခိုင်နှုန်းအားဖြင့် ဂျိုးဘိုင်ဒန်က ဒေါ်နယ်ထရမ့်ထက် အသာရနေပါတယ်။ ဒီရွေးကောက်ပွဲမှာ ကိုယ်တိုင် မဲသွားပေးခဲ့တဲ့ မီရှီဂန်ပြည်နယ် အနောက်ဘက် Battle Creek မြို့နယ်မှာ နေထိုင်သူ ချင်းတိုင်းရင်းသား ဆလိုင်း(လားလ်)ကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။