အမေရိကန်ပြည်ထောင်စုထဲကို တောင်အမေရိကန်တိုက်ကလူတွေ အလုံးအရင်းနဲ့ ဝင်ရောက်လာနေမှုကို မက္ကဆီနိုင်ငံက မတားဆီးဘူးဆိုရင် မက္ကဆီကို နယ်စပ်ကို တပ်ဖွဲ့ဝင်တွေ စေလွတ်မယ်လို့ သမ္မတ Donald Trump က ခြိမ်းခြောက်လိုက်ပါတယ်။
၃,၀၀၀ လောက် ပါဝင်တဲ့ Honduras နိုင်ငံသား လူအုပ်ကြီးဟာ ပြီးခဲ့တဲ့ သီတင်းပတ်က တိုင်းပြည်မြောက်ပိုင်း San Pedro Sula ဆိုတဲ့ မြို့က ထွက်ခွာလာပြီး Guatemala နိုင်ငံကတဆင့် မက္ကဆီကို ဖြတ်ကျော်ပြီး အမေရိကန်ပြည်ထောင်စုထဲကို ဝင်ရောက်ဖို့ ဦးတည် လာနေကြပါတယ်။
အဲဒီ လူအုပ်ထဲမှာ ရာဇဝတ်သားတွေလည်း ပါနေတာကြောင့် သူတို့ကို တားဆီးပေးဖို့ အပြင်းထန်းဆုံး နည်းလမ်းနဲ့ တောင်းဆိုကြောင်း သမ္မတ Trump က ပြောပါတယ်။
ရာဇဝတ်ဂိုဏ်သားတွေနဲ့ မူးယစ်ဆေးဝါးတွေ တိုင်းပြည် တောင်ပိုင်းကနေ ဝင်ရောက်လာနေတာကို ဟန့်တားရေးဟာ USMCA လို့ခေါ်တဲ့ အမေရိကန်-မက္ကဆီကို-ကနေဒါအကြား ရရှိထားတဲ့ ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်ထက် ပိုအရေးကြီးကြောင်း ကြာသပတေးနေ့က Twitter လူမှုကွန်ယက်ကတဆင့် သမ္မတ Trump က ရေးသားခဲ့ပါတယ်။
ရွှေ့ပြောင်း ဝင်ရောက်လာသူတွေကို မတားဆီးဘူးဆိုရင် Honduras ကိုပေးနေတဲ့ အကူအညီတွေကို ဖြတ်တောက်ပစ်မယ်လို့ သမ္မတTrump က ခြိမ်းခြောက်ထားပါတယ်။ အားပျော့တဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဥပဒေတွေအတွက် ဒီမိုကရက်တွေကို သမ္မတ Trump က အပြစ်ဖို့နေပါတယ်။
Your browser doesn’t support HTML5