ဟာဝိုင်ယီအခြေစိုက် East West Center က ကြီးမှူးပြီး ရန်ကုန်မြို့မှာ မနေ့က ဒီမီဒီယာညီလာခံကို စတင်ကျင်းပခဲ့တာဖြစ်ပါတယ်။ နိုင်ငံပေါင်း ၂၅ နိုင်ငံက မီဒီယာကျွမ်းကျင်သူတွေနဲ့ လုပ်ငန်းရှင်ပေါင်း ၃၀၀ ကျော် တက်ရောက်နေတဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်ရဲ့ စိန်ခေါ်မှုများအကြောင်း ၃ ရက်ကြာ ညီလာခံမှာတော့ ဒီကနေ့ မီဒီယာနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့တဲ့ ခေါင်းစဉ်တွေထဲမှာ ငြိမ်းချမ်းရေး တည်ဆောက်မှုနဲ့ သတင်းမီဒီယာအခန်းကဏ္ဍမှာ ပဋိပက္ခတွေအတွင်း သတင်းယူတဲ့ အခြေအနေတွေလည်း ပါဝင်ပါတယ်။
ဒီဆွေးနွေးမှုအတွင်း ပင်တိုင်ပါဝင် ဆွေးနွေးခဲ့ကြသူတွေထဲမှာ အမေရိကန် ငြိမ်းချမ်းရေးစင်တာနဲ့ စီမံကိန်းတခု ပူးတွဲလုပ်ဆောင်နေတဲ့ ဗွီအိုအေမြန်မာပိုင်းဌာနမှူး ဦးသန်းလွင်ထွန်းလည်း ပါဝင်ပါတယ်။
ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့။ ဒီကနေ့ ဆွေးနွေးပွဲက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ မီဒီယာတွေရဲ့ အခန်းကဏ္ဍ အဲ့ဒီအခန်းကဏ္ဍနဲ့ပတ်သက်လို့က သြစတြေးလျမှာရှိတဲ့ တက္ကသိုလ်တခုက ပါမောက္ခတယောက်၊ သူကတော့ ငြိမ်းချမ်းရေးနဲ့ Peace Journalism ငြိမ်းချမ်းရေးကို အထူးပြုတဲ့ သတင်းပညာပေါ့နော်။ အဲ့ဒါနဲ့ပတ်သက်ပြီးတော့ သူ ဗမာပြည်က လိုအပ်ချက်ကလေးတွေ၊ ဒီကိစ္စက အရေးကြီးတယ်ဆိုတဲ့အကြောင်းကို သူကပြောတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ သတင်းသမားတွေအနေနဲ့ အခြေအနေလေးတွေကို ပိုပြီးတော့ နားလည်သဘောပေါက်ပြီးတော့ အထောက်အကူ ဘယ်လိုဖြစ်အောင် လုပ်ပေးမလဲဆိုတာကို သူက ဆွေးနွေးသွားတာပေါ့။
နောက်တယောက်က Myanmar Peace Center က ဦးအောင်နိုင်ဦး၊ သူတို့ရဲ့ ငြိမ်းချမ်းရေးစင်တာက လုပ်နေတဲ့ အခြေအနေလေးတွေကို ရှင်းပြခဲ့တယ်။ သတင်းသမားတွေက တချို့ နားလည်မှုလွဲပြီးတော့ သတင်းမှားတွေ ရေးတတ်ကြတယ် ဆိုတဲ့အကြောင်းကို သူထောက်ပြသွားတာရှိတယ်။
နောက်တယောက်ကတော့ အိန္ဒိယပြည်က ကလေးမလေးတယောက်။ သူက မွန်ဘိုင်းမှာ အခြေစိုက်တယ်။ သူကလည်း သူတို့အိန္ဒိယပြည်ဘက်မှာ ဖြစ်ခဲ့တဲ့ အခြေအနေလေးတွေ၊ သူတို့ အတွေ့အကြုံလေးတွေကို ရှင်းပြသွားတယ်။ ကျနော်ကတော့ အဓိကကတော့ အမေရိကန်အခြေစိုက် အမေရိကန်ငြိမ်းချမ်းရေးဌာနရဲ့ အစီရင်ခံစာလေး တခုအကြောင်းကို ပြောပြတာပေါ့။
မသိင်္ဂီထိုက်။ ။ ဟုတ်ကဲ့ အဲတော့ ဦးသန်းလွင်ထွန်းက အမေရိကန် ငြိမ်းချမ်းရေးစင်တာက ငြိမ်းချမ်းရေးလုပ်ငန်းအပေါ်မှာ မီဒီယာတွေရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်ပြီးတော့ သုံးသပ်ထားတဲ့ အစီရင်ခံစာကို ပြောခဲ့တယ်ဆိုတော့ အဲ့ဒီဟာလေးကို အကျဉ်းချုပ် ပြောပြပေးပါလားရှင့်။
ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့။ အဲ့ဒီအစီရင်ခံစာက ပြီးခဲ့တဲ့နှစ်က ကျနော်နဲ့အတူ အမေရိကန်ငြိမ်းချမ်းရေးဌာနက လူတချို့ မြန်မာပြည်ကိုသွားတယ်။ သွားပြီးတော့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အဓိကအားဖြင့် ဗမာပြည်ကို ငြိမ်းချမ်းရေးရအောင် လုပ်ချင်တယ်ဆိုရင် မြန်မာပြည်မှာဖြစ်နေတဲ့ ပဋိပက္ခတွေကို ဖြေရှင်းရမယ်။ ပဋိပက္ခဆိုတဲ့နေရာမှာ ကျနော်တို့က ပဋိပက္ခကို ၃ မျိုးလို့မြင်ပါတယ်။ ပဋိပက္ခ ၃ မျိုးဆိုတာ ဘာလဲဆိုတော့ အစိုးရနဲ့ ပြည်သူတွေကြားထဲမှာဖြစ်နေတဲ့ ပဋိပက္ခ၊ နံပါတ်နှစ်က တိုင်းရင်းသားရယ်၊ နောက်ပြီးတော့ နိုင်ငံရေးပါတီတွေ ကြားထဲမှာဖြစ်နေတဲ့ ပဋိပက္ခ၊ နံပါတ်သုံးက လူထုလူတန်းစား၊ လူ့အသိုင်းအဝိုင်းထဲမှာ ဖြစ်နေတဲ့ ပဋိပက္ခ၊ အဲ့ဒါကတော့ ဘာသာရေးဆိုင်ရာ ပဋိပက္ခတွေလိုမျိုး၊ ဒီလို ၃ မျိုးကို ကျနော်တို့က မြင်တယ်။
ဒီ ၃ မျိုးထဲမှာမှ အထူးသဖြင့် ဒီပဋိပက္ခတွေဖြစ်ရတဲ့ဟာက ပဋိပက္ခတွေမှာ ပါဝင်နေတဲ့သူတွေရဲ့ အတွေ့အကြုံတွေ၊ သူတို့အနေနဲ့ သူတို့ဘာတွေသိထားသလဲပေါ့နော်။ သူတို့ရဲ့ Knowledge လို့ခေါ်တာပေါ့ အဲ့ဒါ။ သူတို့ဘာတွေသိထားလဲ၊ သူတို့မှာ ဘာတွေများ ခါးသီးတဲ့အတွေ့အကြုံတွေ ရှိသလဲ။ အဲ့ဒီအတွေ့အကြုံတွေအပေါ် မူတည်ပြီးတော့ သူတို့အနေနဲ့ ဘာတွေများ သူတို့ရဲ့ Attitude လို့ခေါ်တဲ့ သူတို့ရဲ့ အမြင်သဘောထားတွေ ဘယ်လိုပြောင်းလဲလာသလဲ။ အဲ့လို သဘောထားအမြင် ပြောင်းလဲလာတဲ့ အခြေအနေပေါ်မှာ မူတည်ပြီးတော့ သူတို့ ဘယ်လို အပြုအမူတွေ လုပ်လာသလဲ အဲ့ဒါက Behavior ပေ့ါ။ အဲတော့ Knowledge ရယ်၊ Attitude ရယ်၊ Behavior ရယ် အဲ့ဒီအချက် ၃ ချက်ကို မီဒီယာတွေအနေနဲ့ ကြားဝင်ပြီးတော့ ပြောင်းလဲသွားအောင် လုပ်နိုင်လို့ရှိရင် တယောက်နဲ့တယောက် အမြင်တွေကြည်လင်လာမယ်။ ယုံကြည်မှုတွေ ပိုတိုးပွားလာမယ်။ တယောက်နဲ့တယောက်၊ တဘက်နဲ့တဘက် စည်းလုံးညီညွတ်မှု အားလေးတွေ ပိုကောင်းလာမယ်ဆိုတဲ့ အခြေခံသဘောလေးနဲ့ လုပ်ပေးတာ။ အဲတော့ လူတွေရဲ့ Knowledge တွေ၊ Attitude တွေ၊ Behavior တွေကတော့ သူတို့ရဲ့ အတွေ့အကြုံ၊ အသိပညာ၊ ပြီးတော့ သဘောထား၊ အပြုအမူတွေကို ပြောင်းလဲသွားအောင်ဆိုရင် မီဒီယာထဲမှာ အထူးသဖြင့်ပေါ့နော် တယောက်နဲ့တယောက် နားလည်မှုတွေရအောင်၊ ရေဒီယိုတွေကနေပြီးတော့ Talk Show လေးတွေ၊ လူတွေကို တဘက်နဲ့တဘက် ဖိတ်ခေါ်ပြီးတော့ ဘယ်လိုလုပ်မလဲ။ အားလုံး တဘက်နဲ့တဘက် မကျေနပ်တွေကိုချည်းပဲ ပြောမနေဘဲနဲ့ တဘက်ကနေ အစိုးရဝန်ထမ်းတွေကနေ လာပြီးတော့ သူတို့ ရှင်းပြတာတွေ၊ ဘာတွေ လုပ်လာမယ်ဆိုရင် တဘက်နဲ့တဘက် ယုံကြည်မှုလေးတွေ ပိုတိုးလာမယ်။ နောက်ပြီးတော့ ပွင့်လင်းမြင်သာမှုလေးတွေ ရှိလာမယ်။ ဒါဆိုရင် အစိုးရနဲ့ ပြည်သူကြားထဲမှာလည်း နားလည်မှုလေးတွေ ရှိလာတယ်ဆိုရင် ပဋိပက္ခလေးတွေ ချုပ်ငြိမ်းသွားမယ်ဆိုတဲ့ အနေအထားပေါ့။
တိုင်းရင်းသားတွေကြားထဲမှာဆိုရင်လည်း တယောက်နဲ့တယောက် တချိန်တုန်းက ရှိနေခဲ့တဲ့ အမြင်ကျဉ်းမြောင်းမှုလေးတွေ၊ ဘာတွေညာတွေဆိုတာ ပိုပြီးတော့ ရေဒီယို ပရိုဂရမ်တွေ၊ ဒါမှမဟုတ်လို့ရှိရင်လည်း တီဗွီပရိုဂရမ်လေးတွေနဲ့ အမြင်လေးတွေ ရှင်းသွားအောင် လုပ်ပေးနိုင်လို့ရှိရင် ဒီပဋိပက္ခတွေ ချုပ်ငြိမ်းသွားနိုင်ပါတယ်။ ဒါမှမဟုတ် ချုပ်ငြိမ်းမသွားရင်တောင်မှပဲ ပြေလျော့သွားနိုင်တယ်ဆိုတဲ့ အမြင်လေးတွေကို အစီရင်ခံစာက သုံးသပ်ထားတာပါ။ အဲ့ဒီတော့ အဲ့ဒီလို သုံးသပ်ထားတဲ့ဟာလေးကို ကျနော်တို့က အကြမ်းမျဉ်း ပြောပြလိုက်တယ်။
မသိင်္ဂီထိုက်။ ။ အဲ့ဒီလို အကြံပြုချက်တွေနဲ့ ပြည်တွင်းပြည်ပ မီဒီယာတွေပေါ့နော်၊ မြန်မာဘာသာလို လွှင့်နေတဲ့ မီဒီယာတွေအနေနဲ့ အဲ့ဒီအကြံပြုချက်တွေကို လုပ်နိုင်တဲ့ စွမ်းရည်ခေါ်မလား၊ လုပ်နိုင်တဲ့ အနေအထားအပေါ်မှာရော ဘယ်လိုများ ဆွေးနွေးကြပါသလဲ။ ဆွေးနွေးတာမျိုးရော ရှိပါသလား။
ဦးသန်းလွင်ထွန်း။ ။ ဒီနေ့ ဆွေးနွေးတဲ့အထဲမှာတော့ အဲ့ဒီလောက်အထိ မရောက်ဘူး။ ဒါပေမဲ့ ကျနော် အခု ရန်ကုန်မှာရောက်နေတဲ့ ခရီးစဉ်ရဲ့ တစိတ်တပိုင်းကတော့ ကျနော်တို့ အဲ့ဒီလို အကြံပြုထားတာတွေကို ဘယ်လိုလူတွေကရော၊ ဘယ်လိုအဖွဲ့အစည်းတွေက အကောင်အထည်ဖော်နိုင်မလဲဆိုတဲ့ အကြမ်းမျဉ်း စမ်းစစ်ချက်လေးပေါ့နော် စကားပြောရတာလေး ရှိပါတယ်။ ဥပမာအားဖြင့် - ကျနော်တို့ ကောလဟာလတွေကို ဟာသနှောပြီးတော့ ရေဒီယိုပရိုဂရမ်လေးတခုနဲ့ ချေဖျက်လိုက်မယ် ဆိုတဲ့ဟာမျိုးပေါ့နော်။ အဲ့ဒါမျိုးဆိုရင် ဘယ်လိုအဖွဲ့အစည်းမျိုးက တာဝန်ခံပြီး လုပ်ပေးနိုင်မလဲ။ အဲ့ဒါဆိုရင် သူတို့ဆီမှာ ကျနော်တို့ ပြောလိုက်တဲ့ အကြံပြုထားတာကို သူတို့ ဘယ်လို နားလည်သဘောပေါက်သလဲ။ ဘယ်လို ဆက်လုပ်ချင်သလဲ။ ဆက်လုပ်ချင်တယ်ဆိုရင် ကျနော်တို့ဘက်က တဘက်ကနေပြီးတော့ပေါ့နော် ငွေရေးကြေးရေးအရ ဘယ်လို ဆက်စပ်ပြီး ကူညီပေးနိုင်မှုတွေ၊ ရှိမလား။ နည်းပညာအရ ကူညီပေးနိုင်မှုလေးတွေ ရှိမလားဆိုတဲ့ဟာလေးတွေကို အပြန်အလှန်ပေါ့နော် နောက်ဆက်တွဲလုပ်ဖို့ ကျနော်တို့ စီစဉ်နေပါတယ်။
မသိင်္ဂီထိုက်။ ။ ဒါကတော့ ငြိမ်းချမ်းရေးတည်ဆောက်မှုမှာ မီဒီယာတွေရဲ့ အခန်းကဏ္ဍအကြောင်း ဆွေးနွေးချက်တွေနဲ့ပတ်သက်ပြီး ဗွီအိုအေမြန်မာပိုင်းဌာနမှူး ဦးသန်းလွင်ထွန်းကို ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်ရှင်။