ESA ဥရောပ အာကာသအေဂျင်စီနဲ့ ရုရှားအာကာသ အေဂျင်စီ Roscosmos တို့ ပူပေါင်းပြီး သက်ရှိတွေ ရှိ မရှိဆိုတာကို ရှာဖွေနိုင်ဖို့အတွက် Mars အင်္ဂါ ဂြိုလ်ကို သွားမယ့် အာကာသယာဉ်တစီးကို လွှတ်တင်လိုက်ပါတယ်။
Kazakhstan နိုင်ငံ Baikonur အာကာသယာဉ်ပစ်လွှတ်စင်ကနေ ExoMars Trace Gas Orbiter ကို ဒီကနေ့မှာ ပစ်လွှတ်ခဲ့တာပါ။ ဂြိုလ်နီလို့လည်းခေါ်တဲ့ Mars ဂြိုလ်ကို ရောက်ရှိဖို့ ကီလိုမီတာ ၄၆၉ သန်း ခရီးကို အချိန် ၇ လကြာသွားရမှာဖြစ်ပြီး ဒီ အာကာသယာဉ်ဟာ အောက်တိုဘာမှာ ရောက်ရှိမယ်လို့ ခန့်မှန်းထားတာပါ။ ဒီခရီးစဉ်အတွင်း ဲ့ မီသိမ်းဓါတ်ငွေ့နဲ့ ပါတ်သတ်လို့ ပဟေဌိ ဖြစ်ပွါးနေတာကို အဖြေရှာမှာဖြစ်တယ်လို့လည်း ESA က ပြောပါတယ်။
ကာဗွန်နဲ့ ဟိုက်ဒရိုဂျင်ပေါင်းစပ်ပါဝင်တဲ့ မီသိမ်းဓါတ်ငွေ့နဲ့ ပါတ်သတ်ပြီး ပြီးခဲ့တဲ့ မားစ်ဂြိုလ် အာကာသခရီးစဉ်မှာ လေ့လာထားတာပါ။ အလွန်သေးငယ်တဲ့ ပိုးမွှားအသေးစားနဲ့ နွံအိုင်တွေ၊ တခြား စွန့်ပစ်ပစ္စည်းအစုလိုက် အပြုံလိုက်တွေကနေ မီသိမ်းဓါတ်ငွေ့ထွက်ရှိတာပါ။ ဒါ့အပြင် မြေအောက် သဘာဝတွင်း ထွက်တွေဖြစ်တဲ့ ကျောက်မီးသွေး ရေနံနဲ့ သဘာဝဓါတ်ငွေ့တွေကနေထွက်တဲ့ ဇီဝရုပ်ကြွင်းလောင်စာတွေမှာလည်း မီသိမ်းဓါတ်ငွေ့ ပါရှိပါတယ်။