ဒီနှစ်အတွင်း လက်ရှိအချိန်ထိ အင်အားအပြင်းဆုံး တိုင်ဖုန်းမုန်တိုင်း ဝင်ရောက်တိုက်ခိုက်မယ့် လမ်းကြောင်းပေါ်မှာ နေထိုင်နေကြ သူ ဖိလစ်ပိုင်နိုင်ငံသား ထောင်ပေါင်းများစွာကို အာဏာပိုင်တွေက ကြာသပတေးနေ့မှာ စပြီး ရွှေ့ပြောင်းကယ်ထုတ်နေပါတယ်။
မုန်တိုင်းအန္တရာယ်ကြောင့် ကျောင်းတွေကိုပိတ်ထားသလို မြေပြိုကျနိုင်တဲ့အခြေအနေအတွက် မြေတူးစက်တွေကို အသင့်ပြင် ထားပြီး ကယ်ဆယ်ရေးလုပ်သားတွေနဲ့ တပ်ဖွဲ့တွေကို နိုင်ငံမြောက်ပိုင်းမှာ အသင့်အနေအထားရှိဖို့ ညွှန်ကြားထားပါတယ်။
မုန်တိုင်းအန္တရာယ် အကျရောက်နိုင်ဆုံး ဒေသတွေမှာ လူပေါင်း ၄ သန်းကျော် နေထိုင်နေပြီး လေတိုက်နှုန်း အရမ်းပြင်းထန်မယ့် ဆူပါတိုင်ဖုန်းမုန်တိုင်းအဖြစ် ဟာဝိုင်ယီအခြေစိုက် တိုင်ဖုန်း အန္တရာယ် ပူးတွဲ သတိပေးဌာနက သတ်မှတ်ထားပါတယ်။
Mangkhut တိုင်ဖုန်းမုန်တိုင်းဟာ ဖိလစ်ပိုင်နိုင်ငံ အရှေ့မြောက်ပိုင်း Cagayan ပြည်နယ်ကို စနေနေ့မှာ ဝင်ရောက်တိုက်ခိုက်နိုင် တယ်လို့ ခန့်မှန်းထားပါတယ်။ ကြာသပတေးနေ့ကတော့ မုန်တိုင်းဟာ ပစိဖိတ်သမုဒ္ဒရာအတွင်း မိုင် ၄၅၀ အကွာမှာရောက်နေပြီး လေတိုက်နှုန်း တနာရီ ၁၂၇ မိုင်ရှိတယ်လို့ ဖိလစ်ပိုင် မိုးလေဝသခန့်မှန်းသူတွေက ပြောပါတယ်။
မုန်တိုင်းကြောင့် အပြင်းအထန် ဆက်တိုက် မိုးရွာနိုင်တဲ့အတွက် မြေပြိုပြီး ရေကြီးမယ့်အန္တရာယ်တွေ ရှိတယ်လို့လည်း ခန့်မှန်း ထားကြပါတယ်။ ဖိလစ်ပိုင်မြောက်ပိုင်းက အဓိကကျွန်းကြီးဖြစ်တဲ့ Luzon ကျွန်းတလျှောက် ပြည်နယ် ၂၅ ခုမှာ မုန်တိုင်းအန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားသလို ရေကြောင်းနဲ့ လေကြောင်း သွားလာမှုတွေကိုလည်း ပိတ်ပင်ထားပါတယ်။
Mangkhut မုန်တိုင်းဟာ အမေရိကန်ပိုင် Guam ကျွန်းကို ဖြတ်ကျော်သွားပြီးပြီဖြစ်ပြီး မုန်တိုင်းအရှိန်ကြောင့် Guam ကျွန်း နေရာ အနှံ့အပြားမှာ ရေကြီးပြီးတော့ လျှပ်စစ်မီးတွေ ပြတ်တောက်နေပါတယ်။
Your browser doesn’t support HTML5