Mali နိုင်ငံမှာ အယ်လ်ကိုင်းဒါးနဲ့ဆက်စပ်တဲ့ အစ္စလာမ် စစ်သွေးကြွတွေကို ချေမှုန်းနေတာမှာ ပြင်သစ်နဲ့ Mali တပ်မတော်တွေနဲ့အတူ ပူးပေါင်းပါဝင်လာတဲ့ ပထမဆုံး အာဖရိကတပ်ဖွဲ့တွေအဖြစ် Burkina Faso နိုင်ငံက ကိုယ်စားလှယ်တပ်ဖွဲ့တွေဟာ Malo နိုင်ငံ အလယ်ပိုင်းမှာ ဖြန့်ကျက်နေရာယူထားပြီဖြစ်ပါတယ်။ Mali နိုင်ငံ မြို့တော် Bamako ကနေ ၁၅၅မိုင်အကွာလောက်မှာရှိတဲ့ Markala မြို့ကို Burkina Faso မြို့က တပ်ဖွဲ့ဝင် ၁၅၀လောက် ရောက်ရှိလာတာဖြစ်တဲ့အကြောင်း Mali အစိုးရ တာဝန်ရှိသူတွေက ကြာသပတေးနေ့က ပြောလိုက်တာပါ။
Diabaly ပြန်လည်သိမ်းပိုက်မှုမှာ ကူညီခဲ့တဲ့ ပြင်သစ်တပ်ဖွဲ့တွေ အခြေစိုက်ရာ စခန်းအနီးမှာ ဒီတပ်ဖွဲ့တွေ စုဝေးရောက်ရှိနေတာဖြစ်တယ်လို့ Bamako မှာရှိတဲ့ ဗွီအိုအေသတင်းထောက်ကလည်း ပြောပါတယ်။
ပြင်သစ်တပ်ဖွဲ့တွေဟာ Malo အရှေ့အလယ်ပိုင်းဒေသက Ansongo မှာရှိတဲ့ အစ္စလာမ်စစ်သွေးကြွတွေကို ဗုဒ္ဓဟူးနေ့က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့လည်း ပြောပါတယ်။
Niger နိုင်ငံက တပ်ဖွဲ့တွေလည်း Mali အရှေ့ဖက်နယ်စပ်အနီးက စခန်းတွေကို ရောက်လာေ နပြီဖြစ်သလို Bamako ကို အနောက် အာဖရိကနိုင်ငံတွေကနေ ရောက်လာတဲ့ တပ်ဖွဲ့တွေဟာ ပိုပြီးတော့ များလာနေတယ်လို့ ဗွီအိုအေသတင်းထောက် က ပြောပါတယ်။ သီးခြားဖြစ်ရပ် တစ်ခုမှာတော့ မြောက်ပိုင်း Mali ကို ထိန်းချုပ်ထားတဲ့ အစ္စလာမ်လက်နက်ကိုင် အဖွဲ့တွေထဲက အဖွဲ့ခွဲတခုက သူတို့ဟာ သူတို့ရဲ့ လှုပ်ရှားမှုကနေ ခွဲထွက်လိုက်ပြီဖြစ်တဲ့အကြောင်း ကြေညာပါတယ်။
Ansar Dine သူပုန်အဖွဲ့က ခွဲထွက်လာတဲ့ ဒီအဖွဲ့ဟာ Islamic Movement for Azawad အဖွဲ့ကို ဖွဲ့စည်းလိုက်တဲ့အကြောင်း ကြာသပတေးနေ့က ကြေညာလိုက်တာပါ။ အသစ်ဖွဲ့စည်းလိုက်တဲ့ ဒီအဖွဲ့အနေနဲ့ နိုင်ငံမှာ ကြုံနေရတဲ့ အကျပ်အတည်းတွေကို စေ့စပ်ညှိနှိုင်းအဖြေရှာဖို့ ဆန္ဒရှိတဲ့အကြောင်း ထုတ်ဖော်ပြောဆိုထားတယ်လို့ Bamako မှာ ရှိနေတဲ့ ဗွီအိုအေသတင်းထောက်ကပြောပါတယ်။