မလေးမှာ မူယစ်ဆေး အများဆုံး ဖမ်းမိ

မလေးရှားနိုင်ငံမှာ Methamphetamine စိတ်ကြွဆေးပြားနဲ့ဘိန်း ၁.၂ တန် နီးပါးကို ပြီးခဲ့တဲ့ သီတင်းပတ်က ဖမ်းဆီးရမိတယ်လို့ မလေးရှား အကောက်ခွန် အရာရှိတွေက ဒီကနေ့ ပြောပါတယ်။

ဒေသတွင်း ဖြန့်ချီဖို့အတွက်လို့ ယူဆရတဲ့ ယာဘ စိတ်ကြွဆေး ၁၁၈၇ ကီလိုဂရမ်နဲ့ ဘိန်း ၇၆၀ ကီလိုဂရမ်ကို သိမ်းဆည်းရမိတာလို့ အကောက်ခွန် အရာရှိချုပ် Subromaniam Tholasy က ကွာလမ်လမ်ပါမှာ ဒီကနေ့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောဆိုသွားတာပါ။ မေလ ၂၂ ရက်နေ့က ကွာလမ်လမ်ပါမြု့ိ ဆင်ခြေဖုံးမှာ အဲဒီမုူးယစ်ဆေးဝါးတွေကို သိမ်းဆည်းရမိပြီးနောက် ဒီအမှုနဲ့ ဆက်စပ်ပြီး မြန်မာ ၃ ဦးနဲ့ မလေးရှား ၃ ဦးကို အာဏာပိုင်တွေက ဖမ်းဆီးထားပါတယ်။

ဖမ်းဆီးရမိတဲ့ အဲဒီမူးယစ်ဆေးဝါးတွေကို လေအလုံပိတ်ထားတဲ့ ရွှေရောင်အိတ်တွေနဲ့ ထည့်ထားပြီး အဲဒီအိတ်တွေပေါ်မှာ တာရှည်ခံ လက်ဖက်ဆိုပြီး ရိုက်နှိပ်ထားတယ်လို့ ဆိုပါတယ်။ အဲဒီ မူးယစ်ဆေးတွေကို အစားအသောက်ဖြစ်တယ်လို့လည်း အကောက်ခွန်စာရွက်ပေါ်မှာ ရေးသားထားတယ်လို့ ဆိုပါတယ်။

အခုလို ဖမ်းဆီးရမိပြီနောက် ဒီအမှုကို ဆက်လက် စုံစမ်းစစ်ဆေးနေပြီး မြန်မာနိုင်ငံက မူးယစ်မှောင်ခိုဂိုဏ်းနဲ့ ဆက်စပ်ပတ်သတ်မှုရှိတယ်လို့ ယုံကြည်ကြောင်း Subromaniam က ပြောပါတယ်။ အာရှဒေသ နိုင်ငံ အတော်များများမှာ methamphetamine စိတ်ကြွဆေးပြား ဈေးကွက်ဟာ ပိုကျယ်ပြန့်လာပြီး ၂၀၁၅ ခုနှစ်နောက်ပိုင်းမှာ သုံးစွဲမှုလည်း ပိုများလာတယ်လို့ ကျွမ်းကျင်သူတွေက ထောက်ပြပါတယ်။ မြန်မာနိုင်ငံဟာ ဆယ်စုနှစ်တွေနဲ့ချီ ဟီးရိုးအင်း ဘိန်းနဲ့ methamphetamine စိတ်ကြွဆေး ထုတ်လုပ်ဖြန့်ချီတဲ့နိုင်ငံဖြစ်တယ်လို့လည်း သူတို့က ပြောပါတယ်။

Your browser doesn’t support HTML5

မလေးမှာ မူယစ်ဆေး အများဆုံး ဖမ်းမိ