ထိုင်းနိုင်ငံမှာ အင်္ဂါနေ့မနက် အစောပိုင်းကတည်းက စစ်တပ်က Martial Law စစ်အုပ်ချုပ်ရေးဥပဒေ ထုတ်ပြန်လိုက်ပေမဲ့ အာဏာသိမ်းတဲ့အဆင့်တော့ မဟုတ်ဘဲ နိုင်ငံထဲမှာ လပေါင်းများစွာ မတည်မငြိမ်ဖြစ်နေတဲ့ အခြေအနေကို ထိန်းသိမ်းပေးဖို့ပဲ ဖြစ်တယ်လို့ ကာကွယ်ရေးဦးစီးချုပ်က ပြောပါတယ်။
အစိုးရနဲ့အတိုက်အခံ ဆန္ဒပြသူတွေအကြား ဖြစ်နေတဲ့ပြဿနာကို စစ်တပ်အနေနဲ့ ဘယ်ဘက်ကမှ မလိုက်ဘဲ ရွေးကောက်ပွဲကျင်းပနိုင်တဲ့အထိ အခြေအနေကို ထိန်းသိမ်းသွားဖို့ ရည်ရွယ်တယ်ဆိုပေမဲ့ အမေရိကန်အပါအဝင် ဒေသတွင်းနဲ့ အိမ်နီးချင်းနိုင်ငံတွေကလည်း စိုးရိမ်မကင်း စောင့်ကြည့်နေကြပါတယ်။ ထိုင်းနိုင်ငံရေး နောက်ဆုံးအခြေအနေနဲ့ တုံ့ပြန်ချက်တွေကိုတော့ ဦးသန်းလွင်ထွန်းက တင်ပြထားပါတယ်။
ထိုင်းနိုင်ငံတဝှမ်း စစ်တပ်က အချက်အခြာကျတဲ့ နေရာတွေအားလုံး သိမ်းပိုက်ပြီး Martial Law စစ်အုပ်ချုပ်ရေးဥပဒေကို ကြေညာလိုက်ပေမဲ့ ထိုင်းပြည်သူတွေကတော့ ခပ်အေးအေးပဲ ရှိနေကြပါတယ်။ လပေါင်းများစွာ အစိုးရထောက်ခံသူ ရှပ်နီတွေနဲ့ ဆန္ဒပြသူ အတိုက်အခံ ရှပ်ဝါတွေအကြား ပဋိပက္ခတွေဖြစ်နေခဲ့အပြီး အခြေအနေကို ပြန်ထိန်းပေးနိုင်ဖို့ အခုလို ဆောင်ရွက်ခဲ့တာဖြစ်ပြီး အာဏာသိမ်းပိုက်ခြင်း မဟုတ်ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး Prayuth Chan-Ocha က အမိန့်ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
ထိုင်းဝန်ကြီးချုပ် Yingluck Shinawatra ကို တရားလွှတ်တော်ချုပ်အမိန့်နဲ့ ရာထူးကနေ ဖယ်ရှားခဲ့အပြီး ယာယီခန့်အပ်ထားခဲ့တဲ့ လက်ရှိ ဝန်ကြီးချုပ်ကိုလည်း နှုတ်ထွက်ပေးစေဖို့ အတိုက်အခံတွေက ကြိုးစားနေတာပါ။ ထိုင်းအထက်လွှတ်တော် အမတ်တချို့နဲ့ ဆန္ဒပြသူတွေက ရွေးကောက်ပွဲမတိုင်မီ ဒီအစိုးရနဲ့မသက်ဆိုင်တဲ့ နောက်ထပ် သီးသန့် ဝန်ကြီးချုပ်တစ်ဦး ခန့်အပ်ပေးဖို့ တောင်းဆိုနေတာကို ယာယီဝန်ကြီးချုပ်က ယတိပြတ် ငြင်းပယ်လိုက်အပြီး စစ်တပ်က အခုလို ကြားဝင် ဆောင်ရွက်လာတာပါ။ ဘန်ကောက်မြို့တော်ထဲမှာ ဆန္ဒပြနေတဲ့ အစိုးရထောက်ခံတဲ့ ရှပ်နီတွေရဲ့စခန်းမှာ အခြေအနေက ခပ်အေးအေးပဲ ရှိနေပါတယ်။
“ဆန္ဒပြသူတွေအားလုံးကို လောလောဆယ် တည်တည်ငြိမ်ငြိမ် ရှိကြဖို့ပဲ ကျနော်တို့ တိုက်တွန်းထားပါတယ်။ အဆင်သင့်အနေအထားနဲ့ သတင်းတွေကို စောင့်ကြည့်နေမှာပါ။”
ရှပ်နီခေါင်းဆောင်တစ်ဦးဖြစ်တဲ့ Korkaew Pikulthong က အခုလို ပြောခဲ့သလိုပဲ မြို့ထဲ တခြားတနေရာမှာ စခန်းချနေတဲ့ ရှပ်ဝါဆန္ဒပြသူတွေဘက်မှာလည်း ထူးထူးခြားခြား တက်ကြွလာမှုတွေ မရှိပါဘူး။ ယာယီအစိုးရ နှုတ်ထွက်ပေးရေးအတွက် ရည်ရွယ်တဲ့ ဆန္ဒပြချီတက်ပွဲတခုကိုလည်း ဖျက်သိမ်းပြီး အခြေအနေကို စောင့်ကြည့်နေပါတယ်လို့ ရှပ်ဝါခေါင်းဆောင်တစ်ဦးက ဆိုပါတယ်။
နှစ်ဘက်စလုံးမှာ လက်နက်ကိုင်တွေလည်းရှိနေပြီး နိုင်ငံရေးအရလည်း မလျှော့တမ်း တင်းမာနေကြတာမို့ ပြီးခဲ့တဲ့အပတ်အတွင်းမှာလည်း သွေးထွက်သံယို တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ဒါကြောင့်လည်း ထိုင်းစစ်တပ်က လုံခြုံရေးအတွက် ဝင်ပြီး ဆောင်ရွက်ရတာလို့ ဘန်ကောက်မြို့ ပုဂ္ဂလိက ရုပ်မြင်သံကြားဌာနတွေကို ဝင်ရောက်စီးနင်းပြီး ထုတ်ပြန်ခဲ့တဲ့ စစ်တပ်ရဲ့ ကြေညာချက်တွေမှာ ဖော်ပြထားပါတယ်။ ထိုင်းနိုင်ငံရေးသုံးသပ်သူ Thitinan Pongsudhirak ကတော့ -
“စစ်တပ်ရဲ့အခုလို အခန်းကဏ္ဍနဲ့ပဲ နိုင်ငံရေးက ရှေ့ဆက်တိုးသွားတော့မယ့် အခြေအနေ၊ Martial Law စစ်အုပ်ချုပ်ရေးဥပဒေထုတ်တာနဲ့ စစ်အာဏာသိမ်းတာ မတူတဲ့အတွက် အခုလောလောဆယ်မှာ စစ်တပ်ဟာ နှစ်ဘက်စလုံးကို မျှအောင် ထိန်းပေးတဲ့သဘော ရှိပါတယ်။ တဘက်ကိုကူရင်လည်း နောက်တဘက်က ဆန္ဒပြမှာမို့ ဒါကို သူတို့ လိုလားပုံမရပါဘူး။ ဥပဒေစိုးမိုးရေး၊ ငြိမ်ဝပ်ပိပြားရေးပဲ အာရုံစိုက် လုပ်ဆောင်ပေးသွားမယ် ဆိုရင်တော့ ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ ၆ လလုံးလုံး ဖြစ်နေခဲ့တဲ့ ပြဿနာတွေကို ပြေလည်ဖို့ လမ်းစရောက်နိုင်ပါလိမ့်မယ်။”
အလားတူပဲ စစ်တပ်အနေနဲ့ အစောပိုင်းကတည်းက အခုလိုဝင်ပြီး ဆောင်ရွက်သင့်တယ်လို့ မြင်တဲ့သူတွေလည်း ရှိပါတယ်။ ရုန်းရင်းဆန်ခတ် ဆန္ဒပြပွဲတွေကို အစောကြီးကတည်းက ဝင်ပြီး ထိန်းသိမ်းပေးသင့်တယ်လို့ ဘန်ကောက်ရုံးအမှုထမ်းတစ်ဦးက ပြောပါတယ်။
အခုမှပဲ စိတ်သက်သာရာရသွားတယ်လို့ ပြောသူတွေလည်းရှိပါတယ်။ ဒါပေမဲ့ အမေရိကန်ပြည်ထောင်စုအနေနဲ့က ထိုင်းနိုင်ငံရဲ့အခြေအနေကို စိုးရိမ်မကင်း စောင့်ကြည့်နေတယ်လို့ နိုင်ငံခြားရေးဌာန ကြေညာချက်တစ်ခုမှာ ဖော်ပြထားပါတယ်။ ဒေသတွင်းက သြစတြေးလျနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး Julie Bishop ကလည်း -
“ထိုင်းဝန်ကြီးချုပ်ကို တရားလွှတ်တော်ချုပ်အမိန့်နဲ့ ဖယ်ရှားခဲ့ပြီးကတည်းက အခြေအနေကို စောင့်ကြည့်နေတာပါ။ ထိုင်းဘုရင့်တပ်မတော်အနေနဲ့ အခု စစ်အုပ်ချုပ်ရေးဥပဒေထုတ်ပြန်ပြီး နောက်ပိုင်း ဘာဆက်လုပ်မလဲဆိုတာကို စောင့်ကြည့်နေရပါတယ်။”
အာဆီယံအဖွဲ့ဝင်နိုင်ငံတခုဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံက နိုင်ငံခြားရေးပြောခွင့်ရပုဂ္ဂိုလ် Charles Jose ကတော့ -
“ထိုင်းနိုင်ငံရေးအခြေအနေတွေနဲ့ပတ်သက်လို့ မကြာသေးခင်က ထုတ်ပြန်ခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ကြေညာချက်အရဆိုရင် အခြေအနေတွေကို အေးအေးချမ်းချမ်းနဲ့ ဒီမိုကရေစီနည်းလမ်းကျ ဆွေးနွေးဖြေရှင်းသွားတာမျိုးကိုပဲ မြင်ချင်ပါတယ်။ ထိုင်းပြည်သူတွေ လိုလားတဲ့အတိုင်း အခြေအနေတွေ ပုံမှန်ဖြစ်သွားစေဖို့ ဖိလစ်ပိုင်နိုင်ငံက မျှော်လင့်ပါတယ်။”
ဒီနေ့မနက်အစောပိုင်းကမှ ရုတ်ချည်းဖြစ်ပေါ်လာတဲ့ အခြေအနေဖြစ်တဲ့အတွက် ထိုင်းနိုင်ငံအတွင်း ပြည်တွင်းမှာရော၊ ပြည်ပမှာပါ အခြေအနေတွေကို စောင့်ကြည့်နေကြဆဲ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံရေး နောက်ဆုံးအခြေအနေတွေကို ဦးသန်းလွင်ထွန်း စုစည်းတင်ပြပေးခဲ့တာ ဖြစ်ပါတယ်။ အခုလို ထိုင်းနိုင်ငံမှာ စစ်အုပ်ချုပ်ရေးဥပဒေ ထုတ်ပြန်လိုက်တဲ့အပေါ်မှာ ထိုင်းနိုင်ငံမှာနေထိုင်ပြီး အရင် စစ်အုပ်ချုပ်ရေးဥပဒေ ကြေညာမှုတွေကို သိနေခဲ့သူတချို့ရဲ့ အမြင်တွေကိုတော့ မဆုမွန်က တဆက်တည်း စုစည်းတင်ပြထားပါတယ်။
မေလ ၂၀ ရက်နေ့ မနက်လင်းအားကြီးမှာပဲ ထိုင်းစစ်တပ်ဘက်က စစ်အုပ်ချုပ်ရေးဥပဒေကို အရေးပေါ် ကြေညာလိုက်တာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံတွင်း စစ်တပ်က စစ်အုပ်ချုပ်ရေး ကြေညာလိုက်ပေမဲ့လို့ ဘန်ကောက်မြို့တွင်းမှာတော့ အခြေအနေဟာ တည်တည်ငြိမ်ငြိမ် အနေအထားမှာပဲ ရှိနေတယ်လို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့နေ ဦးမျိုးနိုင် က ပြောပြပါတယ်။
“သူကြေညာတာကတော့ ဒီထိုင်းစစ်တပ် channel 5 လေ အဲ့ဒီကနေပဲ ကြေညာသွားတာ။ အဲ့လိုကြေညာတဲ့အချိန်မှာ သူက ဘာလုပ်ထားလဲဆိုတော့ ကျန်တဲ့လိုင်းတွေအားလုံးကို သူ ပိတ်ထားတယ်။ ပြီးတော့မှ သူက ပြန်ဖွင့်တာ။ ဘန်ကောက်မြို့ကတော့ အေးအေးဆေးဆေးပဲ။ ပုံမှန်အတိုင်းပဲ။ ကျနော်တောင်မှ အခုက ဗမာပြည်သွားမလို့ လေဆိပ်ကိုသွားတာလေ။ လမ်းတလျှောက်လုံး အေးအေးဆေးဆေးပဲ။ ဘာမှကို မဖြစ်တာ။ တက္ကစီလည်း ငှားလို့ရတယ်။ သူ့ဟာနဲ့သူပဲ။ Martial Law ထုတ်လို့ဆိုပြီး လူတွေရဲ့ စိတ်ထဲမှာ tension မရှိဘူး။ ပုံမှန်ပဲ။”
ထိုင်းနိုင်ငံသမိုင်းတလျှောက် သက်ဦးဆံပိုင်ဘုရင်စနစ်ကနေ စည်းမျဉ်းခံဘုရင်စနစ် ပြောင်းလဲခဲ့တဲ့ ၈၁ နှစ်တာ ကာလအတွင်းမှာပဲ ထိုင်းစစ်တပ်ဘက်က နိုင်ငံရေး မတည်မငြိမ်ဖြစ်လာတိုင်း အာဏာသိမ်းမှုပေါင်း (၁၈) ကြိမ်လောက် လုပ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဒီတကြိမ်မှာ စစ်တပ်က အာဏာသိမ်းတာ မဟုတ်ဘူး၊ စစ်အုပ်ချုပ်ရေး ကြေညာတာ သပ်သပ်ပါလို့ ပြောခဲ့တဲ့အပေါ် ထိုင်းနိုင်ငံရေးသုံးသပ်သူ ဦးဂါမဏိက နိုင်ငံတကာကို အပြကောင်းအောင် လုပ်တာ ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။
“နိုင်ငံတကာနဲ့ လူထုကို နာမည်လေးတွေနဲ့ ဒါကတော့ ကစားတဲ့ပုံစံပဲ ဖြစ်မှာပါ။ အခုက အာဏာသိမ်းတာ မဟုတ်ဘူးဆိုတဲ့ သဘောက နိုင်ငံရေးသမားတွေရဲ့ အခန်းကဏ္ဍတွေကတော့ ရှိဦးမယ်ဆိုတဲ့ သဘောမျိုးတော့ ပါနေတယ်လို့ ထင်တယ်လေ။ အာဏာသိမ်းတယ်ဆိုရင်တော့ နိုင်ငံရေးအရ ဘာမှကို မလုပ်ရတော့ဘူးပေါ့။ အခုကတော့ အာဏာသိမ်းတာ မဟုတ်ဘူးဆိုတော့ အခန်းကဏ္ဍကတော့ ရှိနေတယ်လို့ သူတို့က အဲ့လိုထားတဲ့သဘောပဲ။ သူတို့စီးပွားရေးတွေကို ထိန်းဖို့အတွက် လုပ်လာရတဲ့အခြေအနေလို့ ထင်တယ်လေ။ ဒါကလည်း ကြာနေပြီ၊ ပြီးတော့ သူတို့ ကမ္ဘာလှည့်ခရီးသည်တွေဆို အရေအတွက်က တော်တော်ကို ကျနေပြီ။ အခုက ယင်းလတ်ပြုတ်သွားပေမဲ့ အဝါတွေက ဆက်ပြီးတော့ လုပ်နေတာကိုး။ အဲတော့ အနီတွေကလည်း ယင်းလတ်ပြုတ်တော့ တော်တော်ကို မခံနိုင်ဖြစ်ပြီးတော့ ပြန်လုပ်နေတာတွေ ရှိတာကိုး ဆန္ဒပြတာမျိုးတွေ၊ အဲတော့ ဒီဟာတွေကို သူတို့က တတ်နိုင်သလောက် ဝင်ထိန်းနေတယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ကျနော်ထင်တာတော့ သိပ်ပြီးတော့ မလွယ်ဘူးထင်ပါတယ် အခြေအနေက။ သူတို့ကလည်း ဗမာပြည်လောက် ကြမ်းကြမ်းတမ်းတမ်းကြီးကလည်း လုပ်တာမဟုတ်ဘူးဆိုတော့။ ကျနော်ထင်တာတော့ ဆက်ပြီးတော့ ပြဿနာက ရှိဦးမယ်ထင်တယ်။”
ထိုင်းနိုင်ငံရေး မတည်ငြိမ်မှု ဖြစ်နေတဲ့အချိန် အခု စစ်အုပ်ချုပ်ရေး ကြေညာတဲ့အချိန်မှာတော့ အိမ်ရှင်နိုင်ငံရဲ့ ဥပဒေကို ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ လေးစားလိုက်နာဖို့ လိုတယ်လို့ ထိုင်းနိုင်ငံ မြန်မာသံရုံး တာဝန်ရှိသူတဦးက ပြောပါတယ်။
“ကျနော်တို့ မြန်မာနိုင်ငံသားတွေက ဒီထိုင်းနိုင်ငံထဲမှာ ဆန္ဒပြတဲ့နေရာတွေကို မသွားဖို့၊ လုံခြုံရေး သတိပြုဖို့ ဘာညာဆိုပြီး ထုတ်ထားပါတယ်ခင်ဗျ။ အခုကတော့ သူ့ထိုင်းနိုင်ငံအတွင်းမှာလေ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးအတွက် သူ့ ထုတ်ထားတော့ ကျနော်တို့ဆီက ဘာများထပ်ထုတ်ဖို့ လိုပါသေးလဲခင်ဗျ။ စစ်အုပ်ချုပ်ရေးတော့ မဟုတ်ဘူးထင်ပါတယ်။ သူတို့ပြောတာ။ Martial Law လေ ဟို တရားဥပဒေစိုးမိုးဖို့အတွက် သူက အမိန့်ထုတ်ထားတာ။ အရင်တုန်းက မငြိမ်မသက်ဖြစ်နေတော့ အခု သူတို့က တရားဥပဒေစိုးမိုးအောင်လေ တည်ငြိမ်အေးချမ်းအောင် သူတို့ အစိုးရကနေ ဆောင်ရွက်နေတာပါ။ ကျနော်တို့ကတော့ အိမ်ရှင်နိုင်ငံရဲ့ ဥပဒေအတိုင်း ညွှန်ကြားချက်တွေအတိုင်း သေသေချာချာ လိုက်နာရမယ့် တာဝန်ရှိတာပေါ့။”
ထိုင်းနိုင်ငံတဝှမ်းမှာ လက်ရှိအစိုးရနဲ့ အတိုက်အခံကြား ထိုင်းနိုင်ငံရေးလှုပ်ရှားမှုတွေ အရှိန်မြင့်တက်လာတဲ့အချိန် ထိုင်းစစ်တပ်က အခုလို စစ်အုပ်ချုပ်ရေး ဥပဒေ Martial Law ထုတ်ပြန် ကြေညာလိုက်ချိန်မှာတော့ အနာဂတ် ထိုင်းနိုင်ငံရေး ပြဿနာ ပြေလည်သွားနိုင်မယ်လို့ အာမခံချက်ကတော့ မရေမရာ ဖြစ်နေဆဲပဲလို့ သုံးသပ်ကြပါတယ်။