၂၀၁၃ Ramon Magsaysay ဆုပေးပွဲကို ဖိလစ်ပိုင်နိုင်ငံ မနီလာမှာ သြဂုတ်လ ၃၁ ရက်နေ့က ကျင်းပခဲ့ပါတယ်။ အာရှရဲ့ နိုဘဲလ် ဆုရယ်လို့ တင်စားခေါ်ဝေါ်ခဲ့တဲ့ ဒီနှစ်ဆုရှင် ၅ ဦးအနက် ကချင်တိုင်းရင်းသူ Lahpai Seng Raw လည်း ပါဝင်ပါတယ်။ ဆုရှင် Lahpai Seng Raw အနေနဲ့ မေတ္တာဖောင်ဒေးရှင်းကို ပူးတွဲ မတည်ခဲ့ပြီး ဒေသဖွံ့ဖြိုးရေး၊ ဒုက္ခသည်တွေအရေး ဆောင်ရွက်ပေးမှုနဲ့ပတ်သက်လို့ ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်း က စုစည်းတင်ဆက်ထားပါတယ်။