မြန်မာ့အရေး ကုလဆိုင်ရာ အမေရိကန်သံအမတ်ကြီးနဲ့ ဦးကျော်မိုးထွန်း ဆွေးနွေး

  • ဗွီအိုအေမြန်မာပိုင်း

မြန်မာ့အရေး ကုလဆိုင်ရာ အမေရိကန်သံအမတ်ကြီးနဲ့ ဦးကျော်မိုးထွန်း ဆွေးနွေး (Photo Credit : : U.S. Mission to the United Nations on Facebook )


မြန်မာ့အရေး ကုလဆိုင်ရာ အမေရိကန်သံအမတ်ကြီးနဲ့ ဦးကျော်မိုးထွန်း ဆွေးနွေး

{{Zawgyi/Unicode}}
ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield ဟာ ဖေဖေါ်ဝါရီလ ၃ ရက် ကြာသပတေးနေ့ ညနေက မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ တွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေးခဲ့ပါတယ်။ မြန်မာပြည်သူတွေအတွက် အမေရိကန်ဘက်က မရပ်မနားဆောင်ရွက်ဖို့ ကတိပြုထားတာတွေနဲ့ မြန်မာနိုင်ငံဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်လျှောက်လှမ်းဖို့ လုပ်ဆောင်နေမှုတွေကို သံအမတ်ကြီး ၂ ဦး ဆွေးနွေးခဲ့ကြတယ်လို့ ကုလသမဂ္ဂ အမေရိကန်ကိုယ်စားလှယ်အဖွဲ့ရုံး ဖေ့စ်ဘုတ်မှာ ဖေါ်ပြထားပါတယ်။

ကမ္ဘာ့နိုင်ငံတွေ အနေနဲ့ မြန်မာ့အရေး ဖြေရှင်းရာမှာ ထိထိရောက်ရောက် ဆောင်ရွက်ကြဖို့ သံအမတ်ကြီး Linda Thomas-Greenfield က တိုက်တွန်းနေတာ ဖြစ်ပြီး မကြာသေးခင်က လူပေါင်း ၃၅ ဦးထက်မနည်း သေဆုံးခဲ့ရတဲ့ ကယားပြည်နယ်အပါအဝင် မြန်မာနိုင်ငံတလွှားက ရက်စက်ကြမ်းကြုတ်မှုတွေကို ဟန့်တားနိုင်အောင် နိုင်ငံတကာ အသိုင်းဝိုင်းက ဒီထက်ပိုလုပ်ဆောင်ဖို့လည်း တိုက်တွန်းထားတာပါ။

ဒါ့အပြင် ဒီလိုရက်စက်တဲ့ လုပ်ရပ်တွေအတွက် တာဝန်ရှိတဲ့ စစ်တပ် လက်နက်မရစေရေးအတွက် မြန်မာနိုင်ငံကို စစ်လက်နက် တင်ပို့မှုတွေ ရပ်ဆိုင်းဖို့ အဖွဲ့ဝင်နိုင်ငံတွေကို တောင်းဆိုခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက်ကို ပြီးခဲ့တဲ့နှစ်ထဲ အမေရိကန်က ပူးတွဲအဆိုပြုခဲ့တာလို ကြိုးပမ်းမှုတွေ ရှိခဲ့ပေမဲ့ လုံလောက်မှု မရှိသေးတာကိုလည်း ထောက်ပြပါတယ်။

မြန်မာပြည်သူတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ အဆုံးသတ်စေဖို့၊ လက်နက်တင်ပို့မှုတွေ ရပ်ဆိုင်းဖို့၊ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လည်လွတ်မြောက်ဖု့ိနဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်ဖို့ အထူးသဖြင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အခိုင်အမာ အရေးယူဆောင်ရွက်ဖို့လည်း အမေရိကန်သံအမတ်ကြီးက တိုက်တွန်းထားတာပါ။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield ဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer နဲ့လည်း ဇန်နဝါရီလ ၁၀ ရက်နေ့က အွန်လိုင်းကနေတွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

...........................................................................

Your browser doesn’t support HTML5

မြန်မာ့အရေး ကုလဆိုင်ရာ အမေရိကန်သံအမတ်ကြီးနဲ့ ဦးကျော်မိုးထွန်း ဆွေးနွေး


{{Zawgyi/Unicode}}



