[[Zawgyi/Unicode]]
KNU ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၆) နယ်မြေမှာလှုုပ်ရှားနေတဲ့ KNLA နဲ့ PDF ပူးပေါင်းထားတဲ့ ကော်ဘရာစစ်ကြောင်းတခုအပေါ် စစ်ကောင်စီကတိုက်ခိုက်ခဲ့တဲ့အတွက် အမျိုးသမီးတွေအပါအဝင် ရဲဘော် ၃ ဦးသေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်က ပြောပါတယ်။ တပ်မဟာ ၆ နယ်မြေမှာ အခုရက်ပိုင်းအတွင်း စစ်ကောင်စီဘက်က လေကြောင်း တိုက်ခိုက်မှုတွေ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေလုပ်နေသလို ၂ ဘက် တိုက်ပွဲပြင်းထန်နေပါတယ်။ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာကသတင်းပေးပို့ထားပါတယ်။
KNU ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၆) နယ်မြေမှာ လှုုပ်ရှားနေတဲ့ KNLA PDF ပူးပေါင်းထားတဲ့ ကော်ဘရာစစ်ကြောင်းက အဖွဲ့ဝင် ၁၀ ဦးလိုက်ပါလာတဲ့ ရိက္ခာတင်ကားကို ဘလယ်ဒိုကျေးရွာအနီးမှာ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ ကားပေါ်မှာပါလာသူ ရဲဘော်တချို့ပိတ်မိနေတာကိုကယ်တင်နိုင်ခဲ့ပေမယ့် အမျိုးသမီးတွေအပါအဝင် ရဲဘော် ၃ ဦးကျဆုံးခဲ့တယ်လို့ အဲဒီဒေသမှာ လှုပ်ရှားနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ကခေါင်းဆောင်တဦးက ပြောပြပါတယ်။
“မနေ့ကပေါ့၊ မြဝတီ ဝေါ်လေကားလမ်းမပေါ်က ကော်ဘရာစစ်ကြောင်းထိန်းချုပ်နယ်မြေထဲမှာ ရိက္ခာတင်ကားက ရဲဘော် ၁၀ ဦးနဲ့လိုက်ပါလာစဉ်မှာ စကစ ဘက်က လက်နက်ကြီး လက်နက်ငယ်နဲ့ ပစ်ခတ်တာကြောင့် ကားကတိမ်းမှောက်ပြီး ရဲဘော် (၃) ဦးကျဆုံးခဲ့ရတယ်။ အဲဒါတော့ နောက်ဆုံးအခြေအနေပေါ့၊ သူတို့ဘက်က သေဘောဘိုးစခန်းဆုံးရှံးခဲ့ရတဲ့အပေါ်မှာ ကျနော်တို့ကိုပြန်တိုက်တာပေါ့။ မနေ့က ရိက္ခာတင်ကားလမ်းက ဖြတ်အတိုက်ခံရပြီး ရဲဘော် ၂ ဦးကတော့ ပိတ်မိနေခဲ့တယ်။ ကျန်တဲ့ရဲဘော်တွေကတော့ လွတ်မြောက်သွားကြတယ်။ ပိတ်မိတဲ့ရဲဘော်၂ ဦးကိုတော့ပြန်ပြီး ကယ်ထုတ်နိုင်ခဲ့တယ်။ ကျဆုံးရဲဘော်တွေကိုတော့ ဒီနေ့မှာပဲ သင်္ဂြိုဟ်ခဲ့တယ်။”
ကျဆုံးသွားခဲ့တဲ့အထဲမှာ အသက် (၂၈) နှစ်အရွယ် ရဲဘော်အဲမူး အသက်၂၂ နှစ်အရွယ် ရဲဘော် လုလုဖော် အသက် (၂၀) အရွယ် ရဲဘော်ကျော်ကြီးတို့ ပါဝင်တယ်လို့ သိရပါတယ်။ ဒါပေမယ့် ထိခိုက်သေဆုံးတာနဲ့ပတ်သက်လို့ကတော့ ကော်ဘရာစစ်ကြောင်းကတော့ တရားဝင် သတင်းထုတ်ပြန်တာမရှိသေးပါဘူး။ ကော်ဘရာစစ်ကြောင်းရှိတဲ့နေရာဘက်ကို စစ်တပ်ဘက်က လေကြောင်းကနေ ပစ်ခတ်၊ လက်နက်ကြီးတွေသုံးပြီး ထိုးစစ်ဆင်နေတယ်လို့ ပြောပါတယ်။
“လေကြောင်းပစ်ကူကတော့ မကြာခဏလာတယ်။ တိုက်ပွဲသံကြားတာနဲ့လေကြောင်းပစ်ကူချက်ချင်းရောက်လာတာပဲ။ ရောက်လာပြီး သူတို့လိုချင်တဲ့ပစ်မှတ်ကိုတော့ ပစ်တာပါပဲ။ ဒါပေမယ့်ကျနော်တို့ဘက်မှာတော့ တခါမှ ထိခိုက်တာမရှိပါဘူး။”
စစ်ကောင်စီဘက်က တပ်မ (၄၄) အပါအဝင် အဲဒီနယ်မြေမှာ တပ်တွေစုပြီး အင်အားသံုံး ကာစစ်ကြောင်းတွေထိုးခဲ့ပေမယ့် မြေပြင်မှာအထိနာတာတွေကြောင့် လေကြောင်းပစ်ကူတွေ အကြိမ်ကြိမ် သုံးခဲ့ပါတယ်။ ကော်ဘရာစစ်ကြောင်းဘက်ကလည်း စစ်ကောင်စီတပ်သားတချို့ကို စစ်သုံ့ပန်းအဖြစ်ဖမ်းမိတာ ကော်ဘရာစစ်ကြောင်းထဲကို CDM လုပ်ချင်တဲ့တပ်သားတွေလာဖို့ ဖိတ်ခေါ်တာတွေလုပ်ခဲ့ပါတယ်။ ကော်ဘရာစစ်ကြောင်းနဲ့တိုက်ပွဲဖြစ်တဲ့အခါတိုင်း အကျအဆုံးများပြီး စစ်ကောင်စီဘက်က လက်နက်ဆုံးရှုံးတာတွေကြောင့်လည်း လေကြောင်းကနေ ပစ်ကူတာတွေ မကြာခဏ လုပ်လေ့ရှိတယ်လို့ စစ်ကြောင်းက တာဝန်ရှိသူတွေကလည်း ပြောပါတယ်။ အခုကတော့ အဲဒီနယ်မြေထဲမှာ နှစ်ဘက်တိုက်ပွဲတွေပြင်းထန်နေသလို အခုလို ကြားဖြတ်တိုက်ခိုက်တာတွေလည်းရှိနေပါတယ်ရှင်။
Your browser doesn’t support HTML5
=================
[[Unicode]]
KNU တပျမဟာ ၆ နယျမွမှော တိုကျပှဲဖွဈ