တနိုင်ငံလုံးပစ်ခတ်တိုက်ခတ်မူရပ်စဲရေးသဘောတူစာချုပ်NCAလက်မှတ်ရေးထိုးထားတဲ့မွန်ပြည်သစ်ပါတီနဲ့ KNUကရင်အမျိုးသားအစည်းအရုံးတို့အကြား အောက်ခြေ ပိုင်းမှာ နယ်မြေအငြင်းပွားမူတွေနဲ့ သယံဇာတထုတ်လုပ်မူတွေနဲ့ပတ်သက်လို့တင်းမားမူတွေကြောင့် တနင်္သာရီတိုင်း ရေဖြူမြို့နယ်ထဲမှာ မတ်လ ၄ရက်နေ့က တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။ ဒါဟာ ဒီ လက်နက်ကိုင် နှစ်ဖွဲ့အကြား သီတင်းပတ် ၂ ပတ်အတွင်း ဒုတိယအကြိမ်မြောက် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာပါ။ ဒီအကြောင်း ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
မွန်ပြည်သစ်ပါတီနဲ့ကေအန်ယူကရင်အမျိုးသားအစည်းအရုံးတို့ ရဲ့အောက်ခြေပိုင်းက တပ်တွေကြား တင်းမာမူတွေဖြစ်ခဲ့တာ ၂၀၁၆ခုနှစ်ကနေစတင်ခဲ့ပါတယ်။ မတ်လ၄ရက်နေ့ကတော တနင်္သာရီတိုင်းရေဖြူမြိုနယ်ထဲမှာ နှစ်ဖက် တိုက်ပွဲဖြစ်တာတွေရှိခဲ့တယ်လို့မွန်သတင်းအေဂျင်စီရဲ့ အယ်ဒီတာ နိုင်ဗညားအောင်က ပြောပြပါတယ်။
"ထားဝယ်လမ်းမှာဆိုရင် ထားဝယ်မော်တော်ကားလမ်း တနင်္သာရီဘက်ခြမ်းမှာဆိုရင် ရေဖြူမြိုနယ်ထဲမှာအလယ်စခန်းရွာဆိုတာရှိတယ် အလယ်စခန်းရွာရဲ့အရှေဖက်ခြမ်းမှာ မနေ့မနက် ၈နာရီခွဲလောက်မှာ တိုက်ပွဲဖြစ်ပွားတာပေါ့ "
ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲစောင့်ကြည့်ကော်မတီ (JMC-) အစည်းဝေးတက်နေတဲ့ ကေအန်ယူ ဗဟိုကော်မတီဝင်လည်းဖြစ် ဘိတ်ထားဝယ်ခရိုင်က အမြဲတမ်းကော်မတီဝင် တဦးဖြစ်တဲ့ ဖဒိုဘီးလယ်က
တိုက်ပွဲဖြစ်တာ မှန်ကန်ကြောင်းနဲ့ ထိခိုက်သေဆုံးမူမရှိတော့ မရှိကြောင်း အခုလို ပြောပြပါတယ်။
"အခြေအနေကတော့ ကျနော်နဲ့အဆက်သွယ်ရတာကတော့ အလယ်စခန်းမှာဖြစ်တာပါ။ ဘာမှထိခိုက်မူမရှိပါဘူး"
မွန်ပြည်သစ်ပါတီနဲ့ ကေအန်ယူကြားမှာ ၂၀၁၇ခုနှစ်ထဲမှာလည်း တိုက်ပွဲ ၅ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ကြောင်း၊ ဖြစ်ပွားမူတွေတိုင်းမှာ မွန်ပြည်သစ်ပါတီ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ ကေအန်ယူ ဘက်က သစ်ထုတ်လုပ်မူတွေ လုပ်ရာကနေ ပဋိပက္ခတွေ ဖြစ်လာရတာလို့လည်းမွန်သတင်းအေဂျင်စီက အယ်ဒီတာ နိုင်ဗညားအောင်ကပြောပြပါတယ်။
"မနှစ်တုန်းက ဖြစ်တာ ကလည်းသစ်ကိစ္စပါပဲ မွန်ပြည်သစ်ကသစ်ပိတ်ထားတယ်အဲဒီနေရာမှာ မွန်ပြည်သစ်က ဟိုတုန်းကတည်းက ငြိမ်းချမ်းရေးယူထားတော့ ၁၉၉၅ တို့၂၀၁၂ခုနှစ်ထဲကတပ်တည်နေရာတွေသတ်မှတ်ပေးထားတယ် မွန်ပြည်သစ်ဧရိယာလို့ခေါ်တာပေါ့ ဒါပေမဲ့ ကေအန်ယူလည်းအဲဒီတုန်းကရှိခဲ့တယ် ကိုယ့်နယ်သူနယ်အငြင်းပွားတာတွေရှိတယ် သစ်ကိစနဲ့ပတ်သက်လို့ မွန်ကသစ်ပိတ်ထားတယ် ဟိုက သစ်ထုတ်တော့ အဲဒါတွေပဲပြသနာဖြစ်ကြတာ"
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တုန်းကလည်း မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးအစပ် ရေးချောင်းဖျားအစွန် မာန်အောင်ကျေးရွာအရှေ့ဘက်ဒေသမှာ သစ်ထုတ်လုပ်နေတဲ့ KNU တပ်ရင်း (၁၆)တပ်ဖွဲ့ဝင်တွေနဲ့ မွန်ပြည်သစ် ပါတီ ဗဟိုလုံခြုံရေးတပ်ဖွဲ့တို့အကြား ပစ်ခတ်မှု အနဲငယ်ဖြစ်ပွါးခဲ့ပါတယ်။
မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးအစပ် ရေးချောင်းဖျားအစွန် မာန်အောင်ကျေးရွာ အရှေ့ဘက်(၇)မိုင် အကွာဒေသမှာလည်း ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက သစ်ခိုးထုတ်နေတဲ့ သစ်ခုတ်သမား ၃၂ ဦးနဲ့တကွ စက်ယန္တယား တွေကို မွန်ပြည်သစ်ပါတီက ဖမ်းဆီးမိခဲ့ပါတယ်။
မွန်ပြည်သစ်ပါတီနဲ့ကေအန်ယူကြားမှာ နှစ်ဖက် တင်းမာမူတွေ ရှိတာကြောင့် ပြီးခဲ့တဲ့နှစ်တုန်းကတော့ နှစ်ဖက်တာဝန်ရှိသူတွေ ညှိနှိုင်းဖြေရှင်းမူတွေ လုပ်ခဲ့ရပါတယ်။ ကေအန်ယူကရင်အမျိုးသားအစည်းအရုံးကတော့ မြန်မာအစိုးရနဲ့ ၂၀၁၅ခုနှစ်ထဲမှာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မူရပ်စဲရေး သဘောတူးစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြိး မွန်ပြည်သစ်ပါတီကတော့ ပြိးခဲ့တဲ့ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့မှာ လက်မှတ်ရေးထိုးတာခဲ့တာ ဖြစ်ပါတယ် ။
နှစ်ပေါင်း ၃၀နီးပါး အဖွဲအစည်း၂ခုကြားမှာ မဟာမိတ်ကောင်းတွေအဖြစ် ရပ်တည်လာခဲ့ပြိး ၂၀၁၆ခုနှစ်လောက်က စပြိး အောက်ခြေတပ်တွေကြားမှာ နယ်မြေဆိုင်ရာ အငြင်းပွားမူတွေ စီးပွားရေးကိစ္စတွေနဲ့ တိုက်ပွဲတွေ ဖြစ်လာခဲ့ပါတယ်။
Your browser doesn’t support HTML5