အသက်ရှင်သန်မှုနဲ့ ကောင်းမွန်တဲ့ အနာဂတ်အတွက် စားနပ်ရိက္ခာ အလုံအလောက်ရှိရေး ဘယ်လောက် အရေးကြီးတယ်ဆိုတာကို မီးမောင်းထိုးပြတဲ့အနေနဲ့ နှစ်စဉ်အောက်တိုဘာ ၁၆ ရက်ကို ကမ္ဘာ့စားနပ်ရိက္ခာနေ့အဖြစ် ကုလသမဂ္ဂက သတ်မှတ်ထားပါတယ်။ ကမ္ဘာ့နိုင်ငံတချို့မှာ ကြုံနေကြရတဲ့ ဆာလောင်မှုပြဿနာတွေကို မညိုညိုလွင်က သတင်းတွေထဲက သုတအစီအစဉ်မှာ တင်ပြထားပါတယ်။