Kashmir တင်းမာမှု နဲ့ ပါကစ္စတန်

ပါကစ္စတန် ကျောင်းသားများ ဆန္ဒပြ

အိန္ဒိယအုပ်ချုပ်တဲ့ ကက်ရှ်မီးယားဒေသရဲ့ အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အိန္ဒိယအစိုးရက ရုပ်သိမ်းလိုက်တဲ့အပေါ် ကန့်ကွက်တဲ့အနေနဲ့ နှစ်နိုင်ငံကြား သံတမန်ရေးနဲ့ ကုန်သွယ်ရေးဆိုင်ရာ ဆက်ဆံရေးတွေကို အဆင့်လျှော့ချလိုက်ပြီး နောက်တနေ့မှာပဲ ပါကစ္စတန်က အိန္ဒိယနဲ့ ဆက်သွယ် ထားတဲ့ တခုတည်းသော ရထားလမ်းကို ယာယီပိတ်ထားလိုက်သလို အိန္ဒိယရုပ်ရှင်တွေ ပါကစ္စတန်နိုင်ငံထဲ ပြသခွင့်ကိုပါ ပိတ်ပစ်လိုက်ပါတယ်။

မွတ်ဆလင်အများစုနေထိုင်တဲ့ ကက်ရှ်မီးယားဒေသမှာ ကိုယ်ပိုင်ဥပဒေတွေပြဌာန်းပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးထားတဲ့ အခြေခံ ဥပဒေပြဌာန်းချက်ကို အိန္ဒိယဝန်ကြီးချုပ် Nerendra Modi ရဲ့ ဟိန္ဒူအမျိုးသားရေးဝါဒီ အစိုးရက တနင်္လာနေ့က ပယ်ဖျက်ကြောင်း ကြေညာခဲ့တာပါ။

အခုလို လုပ်ဆောင်မှုက ကက်ရှ်မီးယားဒေသ ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး စစ်မက်ဖြစ်ပွားနေတဲ့ အိန္ဒိယနဲ့ ပါကစ္စတန်လို နျူကလီယား လက်နက်ပိုင်ဆိုင်ကြတဲ့ အိမ်နီးချင်း ၂ နိုင်ငံကြား တင်းမာမှုတွေ တိုးလာစေတာပါ။

ဗုဒ္ဓဟူးနေ့မှာပဲ ပါကစ္စတန်က နှစ်နိုင်ငံကြား သံတမန်ရေးနဲ့ ကုန်သွယ်ရေးဆိုင်ရာ ဆက်ဆံရေးတွေကို အဆင့်လျှော့ချလိုက်ပြီးတဲ့နောက် အိန္ဒိယ သံအမတ်ကြီးကိုလည်း နှင်ထုတ်လိုက်တာ ဖြစ်ပါတယ်။

ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး Shah Mehmood Qureshi ကတော့ အိန္ဒိယရဲ့ လုပ်ဆောင်မှုအတွက် ကက်ရှ်မီးယားကို အငြင်းပွားနယ်မြေအဖြစ် ကြေညာပြီး ကာလကြာရှည် အသိမှတ်ပြုခဲ့တဲ့ ကုလသမဂ္ဂရဲ့ လုံခြုံရေး ကောင်စီကို တိုင်တန်းမှာ ဖြစ်ကြောင်း ပြောပါတယ်။

Your browser doesn’t support HTML5

Kashmir တင်းမာမှု နဲ့ ပါကစ္စတန်