(Zawgyi / Unicode)
အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေးဟောင်း John Bolton ရဲ့ Trump အစိုးရအဖွဲ့အကြောင်း ရေးသားထားတဲ့ စာအုပ်ကို ထုတ်ဝေခွင့်မပေးဖို့ တရားရေးဌာနက အရေးပေါ် ပန်ကြားချက် ပေးပို့ထားတဲ့ကြားကပဲ အမေရိကန် ဗဟိုအစိုးရ တရားသူကြီးက စနေနေ့မှာ ထုတ်ဝေခွင့် ပေးလိုက်ပါတယ်။
John Bolton အိမ်ဖြူတော်မှာ သူတာဝန်ထမ်းဆောင်ခဲ့တဲ့ တနှစ်ခွဲကာလအတွင်း သမ္မတ Trump ရဲ့ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ လုပ်ဆောင်ချက်တွေကို ဝေဖန်ထားတဲ့ သူ့စာအုပ်ကို အင်္ဂါနေ့မှာ စတင်ရောင်းချဖို့ လုပ်နေပါပြီ။
SEE ALSO: သမ္မတ Trump ကို အထိနာစေမယ့်ကိစ္စ ၂ ရပ်ဒီစာအုပ်ကို ထုတ်ဝေလိုက်ရင် အရေးကြီးတဲ့ ကန့်သတ်အချက်အလက်တွေ အများလက်ထဲ ရောက်သွားနိုင်တယ်လို့ တရားရေးဌာနက ပြောကြားခဲ့ပေမယ့် ဝါရှင်တန်ဒီစီ တရားရုံး တရားသူကြီး Royce Lamberth ကတော့ ထောင်နဲ့ချီတဲ့ ဒီစာအုပ်တွေဟာ ဖြန့်ချိသူတွေလက်ထဲ ရောက်နေပြီးသား ဖြစ်တဲ့အတွက် အချိန်နှောင်းနေပြီဖြစ်ကြောင်း ပြောပါတယ်။
ဒါ့အပြင် John Bolton ဟာ အမေရိကန် အမျိုးသားလုံခြုံရေးနဲ့ လောင်းကစားလုပ်ပြီး သူ့နိုင်ငံကို ထိခိုက်စေနိုင်အောင် လုပ်ခဲ့သလို သူ့ကိုယ်သူလည်း ထိခိုက်အောင် လုပ်ခဲ့တယ်လို့ ပြောပါတယ်။
Bolton ကတော့ သူ့စာအုပ်ထဲမှာ ကန့်သတ်အချက်အလက် တစုံတရာ မပါကြောင်းနဲ့ သူ့စာမူကို အိမ်ဖြူတော်အရာရှိက ဧပြီလထဲမှာ အတည်ပြုချက် ပေးထားတာဖြစ်ကြောင်း ပြောပါတယ်။
Your browser doesn’t support HTML5
----------------------------------
(Unicode)
သမ်မတ Trump အစိုးရအကွောငျး စာအုပျထုတျဝခှေင့ျရ