မျိုးဆက်သစ်လူငယ်တွေရဲ့ လက်ထဲကို မီးရှူးတန်ဆောင်လက်ဆင့်ကမ်းသလိုမျိုး တိုင်းပြည်ရဲ့ အနာဂတ်အတွက် ရွေးကောက်ပွဲမဝင်ဖို့ သမ္မတ Joe Biden ဆုံးဖြတ်လိုက်တာကို အမေရိကန်ပြည်သူတွေ ကြိုဆိုကြကြောင်း ကယ်လီဖိုးနီးယားပြည်နယ် San Francisco Bay Area က နိုင်ငံရေးသုံးသပ်သူ ဦးကိုကိုလေးက ရှုမြင်ပါတယ်။ သမ္မတ Joe Biden တိုင်းပြည်ကို ပြောကြားတဲ့ မိန့်ခွန်းဟာ ဒီမိုကရေစီကိုကာကွယ်ဖို့နဲ့ အခွင့်အရေးအတွက် ရွေးချယ်ခွင့်ကို အလေးအနက် မီးမောင်းထိုးပြတာလို့ သူက သုံးသပ်ပါတယ်။
ဦးကိုကိုလေးကို VOA မြန်မာပိုင်းအစီအစဉ်က ကိုသိန်းထိုက်ဦး ဆက်သွယ်မေးမြန်းထားပါတယ်။