စစ်ကောင်စီ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ ဂျပန်မှာ ဆန္ဒပြ တောင်းဆို
{{Zawgyi/Unicode}}
ဂျပန်နိုင်ငံ တိုကျိုမြို့ Shinjuku အရပ်မှာရှိတဲ့ ပန်းခြံတခုမှ ာရာနဲ့ချီတဲ့ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေနဲ့ ဂျပန်နိုင်ငံသားတွေစုဝေးပြီး နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖမ်းဆီးခံ ဂျပန်သတင်းသမား တိုရုခူဘိုတာ အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေအားလုံး ပြန်လွတ်ပေးဖို့ စနေနေ့က ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
" ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ကျနော့် မိတ်ဆွေ ဖမ်းဆီခံ သတင်းထောက် Toru Kubota နဲ့ အခြားသော နိုင်ငံရေးအကျဉ်းသားတွေ အားလုံး ပြန်လွှတ်ပေးဖို့ မြန်မာနိုင်ငံသားတွေနဲ့အတူ ကျနော်ဒီမှာ လာရောက် ဆန္ဒပြနေတာ ဖြစ်တယ်လို့ Kubota ရဲ့သူငယ်ချင်းဖြစ်သူ Hoashi Kyat Yoe Hirosuke က ပြောကြားသွားတာ ဖြစ်ပါတယ်။
ဆန္ဒပြသူ တချို့ဟာ နိုင်ငံရေး အကျဉ်းသားဝတ်စုံ အပြာရောင်ကို ဝတ်ဆင်ထားကြသလို၊ လက်တွေမှာလည်း သံကြိုး လက်ထိပ်တွေခတ်ပြီး တိုကျိုမြို့ ကို လှည့်လည်ကာ သရုပ်ဖေါ် ဆန္ဒပြခဲ့ကြတာပါ။
Toru Kubota ဟာ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ဒုတိယမြောက် ဖမ်းဆီးခံရတဲ့ ဂျပန်နိုင်ငံသားဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ က လည်း မြန်မာနိုင်ငံတွင်း ဆန္ဒပြပွဲတွေကို သတင်းယူခဲ့တဲ့ ဂျပန်သတင်းထောက် Yuki Kitazumi ကို မြန်မာစစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ၄ လအကြာမှာ ပြန်လွှတ်ပေးခဲ့ပါတယ်။
စစ်တပ်ကအာဏသိမ်းပြီးနောက် ဖမ်းဆီးခံရသူ ၁ သောင်းကျော်ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများစောင့်ရှောက်ရေးအဖွဲ့ AAPP က ဖေါ်ပြထားပါတယ်။ မြန်မာနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ သတင်းသမား ၁၀၀ ကျော်ရှိပါတယ်။
Your browser doesn’t support HTML5
.................................................
{{Zawgyi/Unicode}}