ဂျပန်အောက်လွှတ်တော်ရွေးကောက်ပွဲ အာဏာရညွှန်ပေါင်းအနိုင်ရဖို့မျှော်လင့်

ဂျပန်နိုင်ငံမှာ ဒီကနေ့ ကျင်းပနေတဲ့ အထွေထွေ ရွေးကောက်ပွဲမှာ လက်ရှိ ဝန်ကြီးချုပ် Shinzo Abe ရဲ့ အာဏာရ ညွန့်ပေါင်း အဖွဲ့က လွတ်လွတ်လပ်လပ် နိုင်နေတယ်လို့ မဲပေးခဲ့ကြသူတွေကို ကောက်ယူတဲ့ စစ်တမ်းမှာ ဖော်ပြနေပါတယ်။

ဝန်ကြီးချုပ် အာဘေးရဲ့ Liberal Democratic ပါတီ ဦးဆောင်တဲ့ ညွန့်ပေါင်း အဖွဲ့က ပြီးခဲ့တဲ့ စက်တင်ဘာလ အောက်လွှတ်တော် မဖျက်သိမ်းခင်က ရရှိထားတဲ့ အတိုင်း အများစု ဖြစ်တဲ့ လွှတ်တော် အမတ်နေရာ သုံးပုံနှစ်ပုံရမယ်လို့ TBS ရုပ်သံ စစ်တမ်းက ဖော်ပြပါတယ်။

အခု ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ရင်တော့ ဝန်ကြီးချုပ် အာဘေး အနေနဲ့ LDP ညွန့်ပေါင်း အဖွဲ့ အကြီးအကဲ အနေနဲ့ နောက်ထပ် သုံးနှစ် ဆက်ပြီး တာဝန်ထမ်းဆောင်ရဖို့ သေချာသလောက် ရှိနေပြီး ဂျပန်နိုင်ငံရဲ့ သက်တမ်း အရှည်ဆုံး ခေါင်းဆောင် ဖြစ်လာမှာပါ။ မြောက်ကိုရီးယားရဲ့ နျူးကလီးယားနဲ့ ဒုံးကျည် အစီအစဉ်တွေ အပေါ် စိုးရိမ်မှုတွေနဲ့ ရင်ဆိုင် ကိုင်တွယ် နေရတဲ့ ဂျပန်နိုင်ငံ အတွက်တော့ ဝန်ကြီးချုပ် အာဘေး အစိုးရက အသင့်တော်ဆုံး ဖြစ်မယ်လို့ မဲဆန္ဒရှင်တွေက ယူဆကြတဲ့ အကြောင်း သဘောထား စစ်တမ်းတွေမှာ ဖော်ပြနေကြပါတယ်။

Your browser doesn’t support HTML5

ဂျပန်အောက်လွှတ်တော်ရွေးကောက်ပွဲ အာဏာရညွှန်ပေါင်းအနိုင်ရဖို့မျှော်လင့်