ကိုကင်းအထုပ်အမြောက်အများ ပင်လယ်ပြင်မှာမြော
အီတလီနိုင်ငံ စစ္စလီကျွန်းအရှေ့ခြမ်း ကမ်းလွန်ပင်လယ်ပြင်မှာ Guardia di Finanza အထူးရဲတပ်ဖွဲ့က ကိုကင်းထုတ်အများအပြား ပင်လယ်ပြင်မှာမြောနေတာကို ဧပြီလ ၁၇ ရက်နေ့က သိမ်းဆည်းရမိခဲ့တာပါ။ ကိုကင်းအထုပ်ပေါင်း ၁၆၀၀ ကို အထုပ်ကြီးတွေပြန်ထုတ်ထားတာ ဖြစ်ပါတယ်။ သင်္ဘောပေါ်ကပစ်ချသွားတယ်လို့ ရဲက ယူဆပြီး အနီးက ကာတားနီးယားဆိပ်ကမ်းက စက်လှေတွေကို စုံစမ်းနေပါတယ်။