ငါးလအတွင်း အရပ်သား သေဆုံးမှု စံချိန်တင် မြင့်တက်
Your browser doesn’t support HTML5
အခုနှစ် ငါးလတာကာလအတွင်း နိုင်ငံတဝန်းမှာ လက်နက်ကိုင်ပဋိပက္ခနဲ့ တိုက်ပွဲတွေကြောင့် အရပ်သား သေဆုံးမှု တွေက ဆက်လက်မြင့်တက်နေပါတယ်။ ISP-Myanmar ရဲ့ ဒီတပတ် မြင်ကွင်းကျယ်မှတ်စုအစီအစဉ်မှာ အာဏာသိမ်းမှုအလွန် နောက်ဆက်တွဲ ပဋိပက္ခတွေကြောင့် အရပ်သားသေဆုံးမှု အခြေအနေကို အချက်အလက် အခြေပြု ပိုင်းခြားဖော်ပြထားပါတယ်။