အီရတ်နိုင်ငံ Mosul မြို့အနီး Tigris မြစ်ထဲ ကူးတို့သင်္ဘောမှောက် ခရီးသည် ၉၄ ဦးထက်မနည်း သေဆုံး

Competitors take the start of the circuit A of the swimming race from Dakar to Goree in Dakar, Senegal.

အီရတ်နိုင်ငံ Mosul မြို့နားက Tigris မြစ်ထဲမှာ ခရီးသည် မတန်တဆ တင်ဆောင်လာတဲ့ ကူးတို့သင်္ဘောတိမ်းမှောက်ခဲ့လို့ ၉၄ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။ Kurd လူမျိုးတို့ရဲ့ နှစ်သစ်ကူးပွဲတော်နဲ့ အမေများနေ့ကို ဆင်နွဲကြသူခရီးသည် ၁၈၀ ကျော် ကတို့သင်္ဘောပေါ်မှာ ပါသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

သေဆုံးသူအများစုက ရေစီးသန်တဲ့ကြားမှာ ရေကူးနိုင်ဖို့ အခက်အခဲရှိကြတဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေ ဖြစ်ကြပါတယ်။ လောလောဆယ်အထိ သေဆုံးသူ ၉၄ ယောက်မှာ ကလေး ၁၉ ယောက်နဲ့ အမျိုးသမီး ၆၁ ယောက်ဖြစ်ကြပါတယ်။ ၅၅ ယောက်ကိုတော့ ကယ်ဆယ်နိုင်ခဲ့ပါတယ်။ ပျောက်ဆုံးနေသူတွေလည်း ရှိနေသေးတာကြောင့် သေဆုံးသူအရေအတွက် တိုးလာနိုင်တယ်လို့ ခန့်မှန်းရပါတယ်။

သေဆုံးခဲ့သူတွေအတွက် တနိုင်ငံလုံး ဝမ်းနည်းခြင်းအထိမ်းအမှတ် ၃ ရက်သတ်မှတ်တယ်လို့ ကတို့သင်္ဘော မှောက်ရာကို သွားခဲ့တဲ့ ဝန်ကြီးချုပ် Adel Abdul Mahdi က ကြေညာခဲ့ပါတယ်။ ဘာကြောင့် သင်္ဘောမှောက်ရတယ်ဆိုတာကို ၂၄ နာရီအတွင်း စုံစမ်းစစ်ဆေးမယ်လို့လည်း ဝန်ကြီးချုပ်က ကတိပြုခဲ့ပါတယ်။

သက်ဆိုင်တဲ့ဌာနအားလုံးက စုံစမ်းစစ်ဆေးမှုလုပ်ဖို့နဲ့ တာဝန်ရှိသူအားလုံးကို အရေးယူဖို့အပြင် သေဆုံး ဒဏ်ရာရသူတွေအတွက် လိုအပ်တဲ့ကူညီဆောင်ရွက်မှုတွေပေးဖို့လည်း သူကညွှန်ကြားထားပါတယ်။

ပုံမှန်အားဖြင့် ရေငြိမ်တဲ့ Tigris မြစ်ဟာ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ တူရကီဖက်က တောင်တွေပေါ်ကနေ နှင်းတွေ အရည်ပျော်ကျနေလို့ မြစ်ရေကြီးပြီး ရေစီးမြန်နေတာ ဖြစ်ပါတယ်။ အနားအမှာရှိတဲ့ ရေကာတာက ရေတချို့ကို ဖောက်ချထားတဲ့အတွက် မြစ်ရေမြင့်တက်လိမ့်မယ်လို့ ဒေသခံတွေကို တာဝန်ရှိသူတွေက သတိပေးထားပါတယ်။

Your browser doesn’t support HTML5

အီရတ်နိုင်ငံ Mosul မြို့အနီး Tigris မြစ်ထဲ ကူးတို့သင်္ဘောမှောက် ခရီးသည် ၉၄ ဦးထက်မနည်း သေဆုံး