မြန်မာနိုင်ငံမှာ အမျိုးသမီးကဗျာဆရာမတွေအတွက် လူမှုအသိုင်းအဝိုင်းမှာ ထောက်ခံအားပေးမှု နည်းပါးနေသေးတဲ့ အကြောင်း Pandora ဆိုတဲ့ ကလောင်နဲ့ လူသိများတဲ့ ကဗျာဆရာမ ပြည့်ဦးလှိုင်က ပြောပါတယ်။
မိဘရဲ့ အားပေးမှု ကြောင့် ကဗျာဝါသနာပါခဲ့သူ မပြည့်ဦးလှိုင်အနေနဲ့ မြန်မာနိုင်ငံမှာ အမျိုးသမီးတွေ ကဗျာရေးတာကို အားပေးတဲ့အနေနဲ့ " ကြိုးညှိခြင်း" ဆိုတဲ့ ကဗျာဆရာမတွေ စုပေါင်းရေးသားထားတဲ့ ကဗျာစာအုပ်ကိုထုတ်ဝေပြီး မြန်မာအမျိုးသမီးတွေရဲ့ ကဗျာ နမူနာလက်ရာကို ဖော်ထုတ်ပေးနိုင်ခဲ့ပါတယ်။
သူ့ရဲ့ ကဗျာဆရာမတဦး ဘဝခရီးအကြောင်းနဲ့ပတ်သက်လို့ ဒီသတင်းပတ် အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်းက ဆက်သွယ်မေးမြန်ပြီး တင်ပြထားပါတယ်။
http://pandora-and-pandora.blogspot.com/
Your browser doesn’t support HTML5