အမျိုးသမီးသတ္တိရှင်ဆုရ မဇင်မာအောင်နဲ့မေးမြန်းချက်

မဇင်မာအောင် (ဓာတ်ပုံ-အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန)

အမေရိကန် ပြည်ထောင်စုမှာ သီတင်း သုံးပတ်ကြာ လာရောက်ခဲ့တဲ့ မဇင်မာအောင်ဟာ တချိန်က နိုင်ငံရေး အကျဉ်းသူအဖြစ်နဲ့ ၁၁ နှစ်ကြာ နေခဲ့ရဖူးသူ ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်မှာ ပြန်လည် လွတ်မြောက်လာခဲ့ပြီးနောက် ရန်ကုန် နိုင်ငံရေး သိပ္ပံကျောင်းကို နိုင်ငံရေး အကျဉ်းသားဟောင်းများ အများစုနဲ့ ဖွင့်လှစ်ခဲ့သလို၊ Rain Fall လို့ခေါ်တဲ့ အမျိုးသမီး အဖွဲ့ကို မ တည်ခဲ့ပြီး၊ အမျိုးသမီးတွေ စွမ်းရည် မြှင့်တင်ရေး ပညာပေး ဟောပြောမှုတွေကို ပြုလုပ်ခဲ့ပါတယ်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း မနှစ်က သူ့ကို အမျိုးသမီး သတ္တိရှင် ဆုကိုလည်း ချီးမြှင့်ခဲ့ပါတယ်။ သူ့ရဲ့ အမေရိကန် လေ့လာရေး ခရီးစဉ်နဲ့ ပတ်သက်လို့ ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်း က တင်ဆက်ထားပါတယ်။