မြန်မာနိုင်ငံမှာ မကြာသေးခင်က ဖြစ်ပျက်ခဲ့တဲ့ အာဏာပိုင်တွေရဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရပ်ဆိုင်းရေး သပိတ်စခန်းတွေကို အကြမ်းဖက် နှိမ်နင်းခဲ့တဲ့ကိစ္စ အစိုးရကနေ တရားမျှတစွာ ဖြေရှင်းပေးဖို့ - ဒီကနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာ လူ့အခွင့်အရေးနေ့မှာ တက်ကြွလှုပ်ရှားသူတွေနဲ့ သံဃာတော်တွေက တောင်းဆိုခဲ့ကြပါတယ်။ ရန်ကုန် နဲ့ မုံရွာမြို့တို့မှာ ပြုလုပ်ခဲ့တဲ့ ဒီကနေ့ ဆန္ဒပြပွဲတွေနဲ့ ပတ်သက်ပြီး ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်း က ပြောပြပေးထားပါတယ်။
ရန်ကုန်မှာတော့ - Generation Wave လို့ခေါ်တဲ့ မျိုးဆက်သစ်လူငယ်များအဖွဲ့က ဦးဆောင်ပြီး - ကျောင်းသားနဲ့ လူအင်အား ၁၀၀ ကျော်ဟာ “The violence is not solution” - အကြမ်းဖက်မှုဟာ ဖြေရှင်းချက်မဟုတ်ဘူးလို့ အဓိပ္ပါယ်ပါတဲ့ အဖြူရောင်တီရှပ်တွေကို ဝတ်ဆင်ပြီးတော့ - နိုင်ငံတကာလူ့အခွင့်အရေးနေ့မှာ လမ်းလျှောက်ဆန္ဒပြခဲ့ကြတာပါ။ အဓိကကတော့ - လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းရပ်ဆိုင်းရေး တောင်းဆိုကြတဲ့ သပိတ်စခန်းတွေကို အာဏာပိုင်တွေကနေ အကြမ်းဖက် ဖြိုခွင်းခဲ့တဲ့ကိစ္စကို မှန်မှန်ကန်ကန် တရားနည်းလမ်းတကျ ဖြေရှင်းပေးဖို့အတွက် ဖြစ်တယ်လို့ ဆန္ဒပြပွဲကို ဦးဆောင်သူတွေထဲက တဦးဖြစ်တဲ့ Generation Wave မှ ကိုမင်းရန်နိုင် က ပြောပါတယ်။
“ဒီလက်ပံတောင်း ကိစ္စသပိတ်စခန်းတွေကို ဖြိုခွင်းတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ အစိုးရက တရားမျတစွာ ဖြေရှင်းပေးရန်၊ အခုလက်ပံတောင်းတောင် ကိစ္စနဲ့ပတ်သက်ပြီး ဆန္ဒပြထားတဲ့အခါမှာ ဖမ်းဆီးခံထားရတဲ့သူတွေရှိတယ်လေ။ အဲ့ဒီ့လူတွေကို အမြန်ဆုံးလွှတ်ပေးဖို့အတွက် ကျနော်တို့တောင်းဆိုတာပါ။”
ဆန္ဒပြသူတွေဟာ ရန်ကုန်မြို့တော်ခန်းမရှေ့ကနေစပြီး အဲ့ဒီအနီးတဝိုက်မှာရှိတဲ့ မဟာဗန္ဓုလပန်းခြံလမ်း၊ ဆူးလေဘုရားလမ်း နဲ့ ကုန်သည် လမ်းတလျှောက် - အာဏာပိုင်တွေရဲ့ ဖြိုခွင်းမှုအတွင်း မီးလောင်ဒဏ်ရာရခဲ့ကြတဲ့ သံဃာတော်တွေရဲ့ ဓာတ်ပုံပိုစတာတွေအပါအဝင် တခြား လူ့အခွင့်အရေးနဲ့ဆိုင်တဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ပြီး ၂ နာရီကြာ ချီတက်လမ်းလျှောက် ဆန္ဒပြခဲ့ကြတာဖြစ်တယ်လို့လည်း သူက ဆက်ပြောပြပါတယ်။
“အခုကျနော်တို့က လက်ပံတောင်းတောင် ကိစ္စမှာ အဲ့တုန်းက ဖြစ်ပျက်သွားတဲ့ သံဃာတော်တွေရဲ့ ပုံတွေ၊ အဲ့ပုံတွေပါမယ်။ နောက်ပြီးတော့ ကျနော်တို့ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီးတော့ စာတမ်းတွေပါတယ်။ နောက် “The violence is not solution” လို့ အင်္ဂလိပ်လို ရေးထားတဲ့ စာတမ်းတွေပါတဲ့ အကြမ်းဖက်မှုရပ်ဆိုတဲ့ မြန်မာစာလုံးတွေပါတယ်။ အဲ့တာ မြို့တော်ခမ်းမရှေ့က ကျနော်တို့ စထွက်တာပါ။ မနက် ၁၀နာရီကနေ ၁၂နာရီအထိပေါ့။ မဟာဗန္ဓုလလမ်း၊ ကုန်သည်လမ်း၊ နောက်ဆူးလေးဘုရားကို နှစ်ပတ် ပတ်ပါတယ်။ နောက် ကျနော်တို့ Generation Wave အလံထောင်ပါတယ်။”
အခုလို ဆန္ဒပြဖို့ကို ကြိုတင်ခွင့်ပြုချက်တောင်းခံပြီးတော့မှ လုပ်ခဲ့တာဖြစ်တဲ့အတွက် အာဏာပိုင်တွေဘက်က နှောင့်ယှက်ဟန့်တားမှု မရှိခဲ့ပေမဲ့၊ လုံထိန်းရဲတွေနဲ့ တာဝန်ရှိသူတွေကတော့ စောင့်ကြည့်နေတာမျိုးတော့ ရှိခဲ့တယ်လို့ ကိုမင်းရန်နိုင် က ပြောဆိုခဲ့ပါတယ်။
တခါ စစ်ကိုင်းတိုင်း မုံရွာမြို့မှာလည်း သံဃာတော်အပါး ၃၀ ကျော်ကနေပြီးတော့ ဒီကနေ့ ဆန္ဒပြခဲ့ကြပါသေးတယ်။
“ ရွှေစည်းခုံဘုရားကနေ စုရပ်အနေနဲ့ စုပြီးတော့ ရွှေစည်းခုံဘုရား ကနေပြီးတော့မှ မြောက်ဘက်မုဒ် ကနေ ကမ်းနားလမ်းအတိုင်း လျောက်လာပြီး ဆုတောင်းပြည့်ကို အနောက်ဘက်မုဒ်ကနေ ဝင်သွားတယ်ခင်ဗျ။ ဆုတောင်းပြည့်မှာ ဘုရားဝတ်ပြု၊ မေတ္တာပို့၊ ဆုတောင်းပြီးတော့ အရှေ့ဘက်မုဒ်ကနေ ထွက်ပြီး ဘုရားနီလမ်းအတိုင်းပဲ ပြန်ကြွသွားကြတယ်။ အဲ့ဒီ့ရန်ကင်းကျောင်းဖက် ကို ။ သူတို့ဆန္ဒပြတာကတော့ လက်ပံတောင်း တောင် ရပ်ဆိုင်းရေးရယ်၊ ပြီးတော့ ဒဏ်ရာရသံဃာတော်တွေကို အကြမ်းဖက်နှိမ်နင်းတဲ့ အတွက် ပြန်ပြီးတော့ တောင်းပန်ပွဲလုပ်ပေးဖို့ရယ်၊ ၁၂ရက် ၁၂လပွဲ အဲ့တာလုပ်ပေးဖို့ပါ။ မေတ္တာပို့ လမ်းလျောက်တာပဲ။ ကျန်တာကတော့ ဆိုင်းဘုတ်တွေကို ကိုင်ပြီးတော့ လျောက်တာပေါ့။”
မုံရွာမြို့ခံ သတင်းထောက်တဦး ပြောပြခဲ့တာပါ။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၉ ရက် ကြာသပတေးနေ့မနက်ပိုင်းက လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရပ်ဆိုင်းရေး တောင်းဆိုနေတဲ့ သပိတ်စခန်းတွေကို အာဏာပိုင်တွေက မျက်ရည်ယိုဗုံးနဲ့ မီးလောင်းဗုံးတွေ အသုံးပြု အကြမ်းဖက် ဖြိုခွင်းခဲ့တာကြောင့် သံဃာအများစုအပါအဝင် လူတွေ မီးလောင်ဒဏ်ရာရရှိခဲ့ကြတာဖြစ်ပါတယ်။
ဒါကြောင့် ဆန္ဒပြသံဃာတော်တွေကနေ ပြည်ထဲရေးဝန်ကြီးဌာနကနေပြီး ဆေးကုသခံယူနေတဲ့ သံဃာတော်တွေကို ဝန်ချတောင်းပန်ဖို့၊ အဲ့ဒီဖြိုခွင်းမှုမှာ တာဝန်ရှိသူတွေကို အရေးယူပေးဖို့နဲ့ ဖမ်းဆီးခံထားရတဲ့ သံဃာတော်တွေနဲ့ လူပုဂ္ဂိုလ်တွေကိုလည်း ပြန်လွှတ်ပေးဖို့ အချက် ၃ ချက်ကို မနက်ဖြန် ဒီဇင်ဘာလ ၁၁ ရက်နေ့ နောက်ဆုံးထား လုပ်ဆောင်ပေးဖို့ တောင်းဆိုထားကြပြီး၊ လိုက်လျောမှုမရှိရင် ဒီဇင်ဘာလ ၁၂ ရက်နေ့စပြီး ဆန္ဒပြပွဲတွေကို အရှိန်မြှင့် လုပ်ဆောင်သွားမယ်လို့လည်း မြန်မာနိုင်ငံ မြို့တော်တော်များများက သံဃာတွေကနေ တောင်းဆိုထားတာဖြစ်ပါတယ်။