အိန္ဒိယ ဂျက်တိုက်လေယာဉ် ၂ စင်း လေ့ကျင့်နေစဉ် ပျက်ကျ

India plane crash

အိန္ဒိယနိုင်ငံ Madhya Pradesh ပြည်နယ် မြောက်ပိုင်း Morena  ဒေသမှာ စနေနေ့ မနက်ပိုင်း ပုံမှန် လေ့ကျင့်သင်တန်းအတွင်း အိန္ဒိယလေတပ်က ဂျက်တိုက်လေယာဉ် ၂ စင်း တိုက်မိပြီး ပျက်ကျခဲ့တယ်လို့ လေတပ်တာဝန်ရှိသူတွေက ပြောပါတယ်။  

အိန္ဒိယ ဂျက်တိုက်လေယာဉ် ၂ စင်း လေ့ကျင့်နေစဉ် ပျက်ကျ

{{Zawgyi/Unicode}}

အိန္ဒိယနိုင်ငံ Madhya Pradesh ပြည်နယ် မြောက်ပိုင်း Morena ဒေသမှာ စနေနေ့ မနက်ပိုင်း ပုံမှန် လေ့ကျင့်သင်တန်းအတွင်း အိန္ဒိယလေတပ်က ဂျက်တိုက်လေယာဉ် ၂ စင်း တိုက်မိပြီး ပျက်ကျခဲ့တယ်လို့ လေတပ်တာဝန်ရှိသူတွေက ပြောပါတယ်။

လေယာဉ် ၂ စင်းပေါ် ပါလာတဲ့ ပိုင်းလော့ ၃ ဦးထဲက တဦးကတော့ သေဆုံးခဲ့ရပြီး ကျန် ၂ ဦးကတော့ လေယာဉ်ထဲကနေ အန္တရာယ်မရှိပဲ ထွက်လာနိုင်ခဲ့တယ်လို့ အိန္ဒိယ လေတပ်က ပြောပါတယ်။

လေယာဉ် ၂ စင်း ဝင်တိုက်မိတဲ့ အကြောင်းရင်းကိုတော့ မသိရသေးကြောင်းနဲ့ စုံစမ်းစစ်ဆေးဖို့ အမိန့်ထုတ်ထားကြောင်းလည်း လေတပ်တာဝန်ရှိသူတွေက ပြောပါတယ်

တိုက်မိတဲ့ ယဉ်အမျိုးအစားကို အိန္ဒိယလေတပ်က ထုတ်မပြောပေမယ့် ဒေသတွင်း သတင်းတွေမှာတော့ ဒီဂျက်တိုက်လေယာဉ် တွေဟာ Sukhoi-30 နဲ့ MIrage-2000 တို့ ဖြစ်ကြောင်း ဖေါ်ပြပါတယ်။

Madhya Pradesh ပြည်နယ် ရဲတပ်ဖွဲ့ အကြီးအကဲကတော့ ဒီဖြစ်ရပ်အတွက် ဒေသအာဏာပိုင်တွေက ကယ်ဆယ်ကူညီရေး အကူညီတွေ လေတပ်ကို ပေးနေတယ်လို့ ပြောပါတယ်။

Your browser doesn’t support HTML5

အိန္ဒိယ ဂျက်တိုက်လေယာဉ် ၂ စင်း လေ့ကျင့်နေစဉ် ပျက်ကျ


{{Zawgyi/Unicode}}




