အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်မှာ လက်နက်ခဲယမ်း အစုအပုံ သိမ်းဆည်းရမိ

အိန္ဒိယ-မြန်မာနယ်စပ်က မီဇိုရမ်ပြည်နယ် တည်နေရာပြမြေပုံ။ (ဓာတ်ပုံ - google map)

(Zawgyi)

အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်အတွင်းမှာ လက်နက်တွေ သိုလှောင်ထားတဲ့ စတိုခန်းတခုကို ဒီဇင်ဘာ ၃၁ ရက်နေ့က တွေ့ရှိ သိမ်းဆည်းမိလိုက်တယ်လို့ အိန္ဒိယစစ်တပ်က မနေ့ ဇန်နဝါရီလ ၁ ရက်နေ့မှာ ပြောတာကို ကိုးကားပြီး အိန္ဒိယ သတင်းမီဒီယာတွေမှာ ရေးသား ဖော်ပြကြပါတယ်။

သတင်းရတဲ့အတွက် အာသံရိုင်ဖယ်တပ်ဖွဲ့နဲ့ မီဇိုရမ် ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး Siaha ခရိုင်၊ Mawhre ကျေးရွာကို ဝင်ရောက်ရှာဖွေတာမှာ အဲဒီ စစ်ပွဲတခုအတွက် အသုံးပြုဖို့ စုဆောင်းထားတဲ့သဖွယ် သိုလှောင်ထားတဲ့ လက်နက် ခဲယမ်းတွေကို တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

အိန္ဒိယ-မြန်မာ နယ်စပ်မှာရှိနေတဲ့ အဲဒီ လက်နက်စတိုခန်းကနေ ဂျယ်လတင်းအချောင်း ၃၅၉ ကီလို၊ ဖောက်ခွဲရေးမှာ အသုံးပြုတဲ့ အရည် ၈၁ ကီလိုတို့ ပါဝင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကျည်တွေ၊ ကျည်ကပ်တွေနဲ့ လမ်းဘေးထောင်ဗုံး IED တွေမှာ အသုံးပြုတဲ့ ပစ္စည်းတွေ၊ ဘက်ထရီတွေ၊ စနက်တန်တွေနဲ့ နိုင်ငံခြားဖြစ် စကားပြောစက်တွေပါ ပါဝင်တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးရမိတဲ့ အဲဒီပစ္စည်းတွေအတွက် ဥပဒေကြောင်းအရ အရေးယူဖို့ ဆက်လက် ဆောင်ရွက်ဖို့အတွက် ရဲတပ်ဖွဲ့လက်ကို လွှဲပြောင်းပေးလိုက်တယ်လို့ ဆိုပါတယ်။

အိန္ဒိယ-မြန်မာ နယ်စပ်ဒေသမှာ အခုလို စစ်ပွဲတခုမှာ အသုံးပြုနိုင်လောက်တဲ့ ပမာဏအထိ လက်နက်တွေ စုဆောင်းထားရှိတာဟာ မီဇိုရမ်ပြည်နယ်အတွက် အထူးစိုးရိမ်စရာကိစ္စရပ် ဖြစ်တယ်လို့ ဆိုပါတယ်။

Your browser doesn’t support HTML5

အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်မှာ လက်နက်ခဲယမ်း အစုအပုံ သိမ်းဆည်းရမိ

-------------------------

(Unicode)





