(Zawgyi / Unicode)
ကမ္ဘာ့ စတုတ္ထမြောက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအများဆုံး အိန္ဒိယနိုင်ငံမှာ ကိုဗစ်လူနာသစ်တွေ သိသိသာသာ ထပ်တိုးလာပြီး တနင်္ဂနွေ တရက်တည်းမှာ ကူးစက်မှုအသစ် ၂၅,၀၀၀ နီးပါးရှိပြီး သေဆုံးသူ ၆၁၀ ကျော်ရှိကြောင်း အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
အခုဆိုရင် အိန္ဒိယနိုင်ငံမှာ ကိုဗစ်ကူးစက်မှုပေါင်း ၆၇၃,၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၁၉,၀၀၀ ကျော်ရှိပါတယ်။
ကူးစက်ရောဂါ ကုသရေးအတွက် နယူးဒေလီမြို့တော်မှာ ကုတင် ၁၀,၀၀၀ နဲ့ အကြီးကျယ် ကုသမှု ပေးနေပါတယ်။
SEE ALSO: အိန္ဒိယမှာ COVID-19 ကူးစက်သူ စံချိန်တင် များပြားနေဆဲနယူးဒေလီ ဆင်ခြေဖုံးမှာတော့ ဘောလုံးကွင်း ၂၀ စာလောက်ရှိတဲ့ ကုသရေးနေရာတွေမှာ ရောဂါလက္ခဏာ အပျော့စားနဲ့ လက္ခဏာမပြဘဲ ကူးစက်ထားသူတွေကို ကုစားနေတာပါ။
လူဦးရေ ၂၅ သန်းလောက်ရှိတဲ့ နယူးဒေလီမှာ ဒီလကုန်ပိုင်းရောက်ရင် ကိုဗစ်ကူးစက်တဲ့ လူနာပေါင်း ၅၀၀,၀၀၀ ကျော်ထိ မြင့်တက်လာနိုင်တာကို အစိုးရက စိုးရိမ်နေပါတယ်။
နယူးဒေလီက တချို့ဟိုတယ်တွေကို ကိုဗစ် ကုသရေးစင်တာအဖြစ် ပြောင်းလဲ အသုံးပြုလာနေကြပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် အသွားအလာ ကန့်သတ်ထားတာကို တဖြည်းဖြည်းချင်း ပြန်ရုပ်သိမ်းခဲ့ပြီးနောက် အိန္ဒိယမှာ ကူးစက်မှုအသစ်တွေ တိုးလာနေတာ ဖြစ်ပါတယ်။ အခုဆိုရင် အိန္ဒိယဟာ ကမ္ဘာမှာ ကိုဗစ်လူနာ တတိယအများဆုံး ရုရှားနိုင်ငံကိုတောင် ကျော်တက်လုနီးပါး ဖြစ်လာနေပါတယ်။
Your browser doesn’t support HTML5
-------------------------------
(Unicode)
SEE ALSO: အိန္ဒိယမှာ COVID-19 ကူးစက်သူ ၆ သိန်းကျော်သွားပြီကူးစကျရောဂါ ကုသရေးအတှကျ နယူးဒလေီမွို့တောျမှာ ကုတငျ ၁၀,၀၀၀ နဲ့ အကွီးကယြျ ကုသမှု ပေးနပေါတယျ။
နယူးဒလေီ ဆငျခွဖေုံးမှာတော့ ဘောလုံးကှငျး ၂၀ စာလောကျရှိတဲ့ ကုသရေးနရောတှမှော ရောဂါလက်ခဏာ အပြော့စားနဲ့ လက်ခဏာမပွဘဲ ကူးစကျထားသူတှကေို ကုစားနတောပါ။