ကိုဗစ်ကူးစက်မှုနဲ့ စီးပွားရေးကျဆင်းမှုကြောင့် အိန္ဒိယအစိုးရ ဝေဖန်ခံနေရ

အိန္ဒိယနိုင်ငံ Ahmedabad မြို့မှာ COVID 19 ရောဂါရှိ၊ မရှိ စစ်ဆေးပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတဦး။ (စက်တင်ဘာ ၁၇၊ ၂၀၂၀)

[Zawgyi/Unicode]

အိန္ဒိယနိုင်ငံမှာ ကပ်ရောဂါအပေါ် အစိုးရရဲ့ ကိုင်တွယ်ဆောင်ရွက်နေပုံနဲ့ စီးပွားရေးကျဆင်းမှုတွေနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ် နေရင်ဒရာ မိုဒီအစိုးရဟာ ပါလီမန်မှာ အတိုက်အခံတွေရဲ့ ဝေဖန်မှုတွေကို အပြင်းအထန်ခံရချိန်မှာပဲ နေ့စဉ်ဗိုင်းရပ်စ်ကူးစက်မှုတွေဟာလည်း နောက်ထပ်စံချိန်တင်မြင့်တက်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း နောက်ထပ်ဗိုင်းရပ်စ်ကူးစက်သူ ၉၇,၈၉၄ ယောက် ရှိတာကြောင့် ကူးစက်ခံရသူ စုစုပေါင်း ၅.၁ သန်း ကျော်သွားပြီလို့ အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒါ့အပြင် သေဆုံးသူလည်း ၁,၁၃၂ ယောက်ထပ်တိုးလာတာကြောင့် သေဆုံးသူစုစုပေါင်း ၈၃,၁၉၈ ယောက်ရှိသွားပြီဖြစ်ပါတယ်။ ဒါပေမဲ့ ကျွမ်းကျင်သူတွေကတော့ ဒီထက်ပိုများနိုင်တယ်လို့ ခန့်မှန်းနေပါတယ်။

SEE ALSO: ကမ္ဘာ့စီးပွားရေး တိုးတက် ကျဆင်းမှု ကိုဗစ်အခြေအနေပေါ် မူတည်မည်

လက်ရှိမှာတော့ အမေရိကန်နိုင်ငံက ကူးစက်သူအရေအတွက် ၆.၆ သန်းကျော်နဲ့ ကမ္ဘာပေါ်မှာ ကူးစက်မှုအများဆုံးနိုင်ငံဖြစ်ပေမဲ့လည်း အိန္ဒိယနိုင်ငံအနေနဲ့ လာမယ့် သီတင်းပတ်တွေအတွင်းမှာပဲ အမေရိကန်ကို ကျော်သွားနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ကုန်းလမ်းပို့ဆောင်ရေးဝန်ကြီးဟာ မနေ့က ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရပြီး သူဟာ အိန္ဒိယအစိုးရအဖွဲ့အတွင်း ပြည်ထဲရေးဝန်ကြီးပြီးတဲ့နောက် ဒုတိယမြောက် ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ အစိုးရထိပ်တန်းတာဝန်ရှိသူတဦးဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာတော့ ဒီနေ့မှာ ကိုရိုနာဗိုင်းရပ်စ် နောက်ထပ်ကူးစက်ခံရသူ ၃,၆၃၅ ယောက်ရှိပြီး၊ ကူးစက်သူအရေအတွက်ဟာ ၂၃၀,၀၀၀ ကျော်သွားပြီ ဖြစ်တယ်လို့ အင်ဒိုနီးရှားကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒါ့အပြင် နောက်ထပ် ၁၂၂ ယောက် ထပ်ပြီး သေဆုံးခဲ့တဲ့အတွက် သေဆုံးသူစုစုပေါင်းဟာ ၉,၂၂၂ ယောက် ရှိသွားပြီဖြစ်တယ်လို့ ပြောပါတယ်။

Your browser doesn’t support HTML5

ကိုဗစ်ကူးစက်မှုနဲ့ စီးပွားရေးကျဆင်းမှုကြောင့် အိန္ဒိယအစိုးရ ဝေဖန်ခံနေရ

[Unicode Version]



SEE ALSO: ကိုဗစ်ကာကွယ်ဆေး သီတင်းပတ်တွေအတွင်း ရရှိမည် - ကန်သမ္မတ

