[Zawgyi/Unicode]
India နိုင်ငံမှာ တနင်္လာနေ့မှာ COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြုသူ ၂၃,၀၀၀ ကျော် အသစ်ရှိလာပြီး ရောဂါရှိသူပေါင်း ၇၀၀,၀၀၀ နီးပါးဖြစ်လာတဲ့အတွက် စုစုပေါင်း အတည်ပြုလူနာ ကမ္ဘာမှာ တတိယအများဆုံး နိုင်ငံဖြစ်သွားပါတယ်။ အရင်က ရုရှားက တတိယနေရာမှာ ရှိနေတာပါ။ ဒုတိယကတော့ Brazil နိုင်ငံဖြစ်ပါတယ်။
India ရဲ့လူဦးရေ အထူထပ်ဆုံး Uttar Pradesh ပြည်နယ်ထဲက Agra မြို့မှာ Taj Mahal ဂူဗိမ္မာန်အပါအဝင် အထင်ကရ အဆောက်ဦးတွေ၊ နေရာတွေ၊ စီးပွားရေးလုပ်ငန်းတွေ ပိတ်ထားဖို့ကန့်သတ်ချက်ကို ဆက်ပြီး သက်တမ်းတိုးလိုက်ပါတယ်။ Taj Mahal အပါအဝင် ကမ္ဘာလှည့်ဧည့်သည်တွေ အသွားများတဲ့ နေရာတွေကို မတ်လထဲက ပိတ်ထားတာဖြစ်ပါတယ်။
SEE ALSO: အိန္ဒိယမှာ တနင်္ဂနွေနေ့က COVID ကူးစက်မှု စံချိန်တင်မြင့်တက်တချိန်ထဲမှာပဲ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အနေနဲ့ လေထဲကနေ ကူးစက်နိုင်တဲ့ ရောဂါနဲ့ပါတ်သက်လို့ လမ်းညွှန်ချက်တွေကို နောက်ဆုံးအခြေအနေနဲ့အညီ ပြင်ဆင်ဖို့ နိုင်ငံပေါင်း ၃၂ နိုင်ငံက သိပ္ပံပညာရှင် ၂၄၀ နီးပါးက တောင်းဆိုလိုက်ကြပါတယ်။ COVID-19 ရောဂါပိုးက လေထဲမှာ အချိန်ကြာကြာ ပျံ့လွင့်နိုင်ပြီး အဲဒီသေးငယ်တဲ့ အမှုန်အမွှားလေးတွေက လူတွေကို ကူးစက်နိုင်တဲ့ အထောက်အထားတွေ တွေ့ရတယ်လို့ သိပ္ပံပညာရှင် ၂၃၉ ယောက်က ပြောပါတယ်။
Your browser doesn’t support HTML5
[Unicode Version]
အိန်ဒိယ ကိုဗဈကူးစကျမှု ကမ်ဘာ့တတိယအမြားဆုံးနိုငျငံဖွဈလာ