အိန္ဒိယဝန်ကြီးချုပ် Narendra Modi နဲ့ တရုတ် သမ္မတ Xi Jinping တို့ဟာ အငြင်းပွါးနေတဲ့ နယ်စပ်အရေးနဲ့ ပတ်သတ်ပြီး တည်တည်ငြိမ်ငြိမ် အခြေအနေကို ဆက်လက်ထိန်းသိမ်းသွားကြဖို့ သဘောတူညီခဲ့ကြပါတယ်။
ခေါင်းဆောင် ၂ ဦးဟာ တရုတ်နိုင်ငံအလယ်ပိုင်း Wuhan မြို့မှာ ၂ ရက်ကြာ အလွတ်သဘော ဆွေးနွေးခဲ့ကြတာပါ။ ဒါ့အပြင် မြင့်မားတဲ့ ဟိမဝန္တာတောင်တန်း နယ်စပ်မျဉ်းတလျှောက်က ၂ နိုင်ငံ တပ်ဖွဲ့တွေအနေနဲ့ ငြိမ်းချမ်းရေး ဆက်ထိန်းသိမ်းသွားနိုင်ရေးလည်း သဘောတူညီခဲ့ကြတယ်လို့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီကနေ့မှာ ပြောလိုက်ပါတယ်။
အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး Vijay Gokhale က ဝန်ကြီးချုပ် မိုဒီနဲ့ သမ္မတ ရှီတို့ဟာ ၂ နိုင်ငံအရေး နားလည်မှုရှိရှိနဲ့ မတူကွဲပြားမှုတွေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြောဆိုဆွေးနွေးကြဖို့လည်း သဘောတူခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း သဘောတူညီချက်တွေနဲ့ ပတ်သက်လို့ လက်မှတ်ရေးထိုးခဲ့ကြတာတော့ မရှိပါဘူး။
Your browser doesn’t support HTML5