ကမ္ဘာ့စီးပွားရေး တိုးတက်မှု ကျဆင်းနိုင်ကြောင်း IMF ခန့်မှန်း

  • ဗွီအိုအေမြန်မာပိုင်း

국제통화기금(IMF) 로고가 IMF 본부 건물 앞에 걸려 있다. (자료사진)

ယူကရိန်းအပေါ် ရုရှားက ဆက်လက် တိုက်ခိုက်နေတာ၊ ငွေကြေးဖောင်းပွတာ၊ စီးပွားရေး လုပ်ငန်းတွေနဲ့ စားသုံးသူတွေအတွက် အတိုးနှုန်းတွေ မြင့်လာတာတွေကြောင့်၊ လာမယ့် ၂၀၂၃ ခုနှစ် ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးမှု ခန့်မှန်းချက်ကို အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF က လျှော့ချလိုက်ပါတယ်။   

ကမ္ဘာ့စီးပွားရေး တိုးတက်မှု ကျဆင်းနိုင်ကြောင်း IMF ခန့်မှန်း

{{Zawgyi/Unicode}}
ယူကရိန်းအပေါ် ရုရှားက ဆက်လက် တိုက်ခိုက်နေတာ၊ ငွေကြေးဖောင်းပွတာ၊ စီးပွားရေး လုပ်ငန်းတွေနဲ့ စားသုံးသူတွေအတွက် အတိုးနှုန်းတွေ မြင့်လာတာတွေကြောင့်၊ လာမယ့် ၂၀၂၃ ခုနှစ် ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးမှု ခန့်မှန်းချက်ကို အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF က လျှော့ချလိုက်ပါတယ်။

IMF က လာမယ့်နှစ်အတွက် ကမ္ဘာ့ ကြီးထွားမှုနှုန်းကို ဇူလိုင်လတုန်းက ၂.၉ % ရှိမယ်လို့ ခန့်မှန်းထားရာကနေ အခုတော့ ၂.၇ % လောက်ပဲ ရှိတော့မယ်လို့ မျှော်လင့်ကြောင်းပြောပါတယ်။ ဒါပေမယ့် ဒီနှစ် ၂၀၂၂ ခုနှစ် ကိုတော့ IMF က မပြောင်းလဲပဲ ၃.၂ % လောက်ရှိမယ်လို့ ခန့်မှန်းထားတာ ဖြစ်ပြီး မနှစ်က ၆ % တိုးတက်ခဲ့တာထက်တော့ ထက်ဝက်လောက် လျော့နည်းနေဆဲဖြစ်ပါတယ်။

ကမ္ဘာ့စီးပွားရေးဟာ ၂၀၀၁ ခုနှစ် ကစလို့ ဖွံ့ဖြိုးမှု အနည်းဆုံး အခြေအနေနဲ့ ရင်ဆိုင်နေရပြီး၊ လာမယ့် ၂၀၂၃ ခုနှစ်ကတော့ အဆိုးဆုံး ဖြစ်ဖို့ရှိနေပြီး လူအများအတွက် စီးပွားရေး ကပ်ဆိုက်သလို ခံစားရမယ့်နှစ် ဖြစ်လာနိုင်တယ်လို့လည်း IMF က သတိပေးပါတယ်။ လာမယ့် နှစ်ရဲ့ ပထမ ၃ လပတ် ၂ ခုမှာ ကမ္ဘာ့စီးပွားရေး ၃ ပုံ ၁ ပုံကျော်ဟာ အနှုတ်လက္ခဏာ ပြလိမ့်မယ်လို့လည်း IMF က ခန့်မှန်းပါတယ်။

ဥရောပက စီးပွါးရေးအချက်ချာကျတဲ့ နိုင်ငံတွေ ငွေကြေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရချိန်မှာ ကမ္ဘာ့စီးပွါးရေးအင်အား အကြီးဆုံးဖြစ်တဲ့ အမေရိကန်နဲ့ တရုတ်တို့ စီးပွါးရေး ကျဆင်းနေတဲ့ အတွက် IMF ရဲ့ အခုလို ခန့်မှန်းချက်က အံ့သြစရာတော့ မဟုတ်ပါဘူး။ ဒီကြားထဲ ၈ လထဲ ဝင်လာပြီဖြစ်တဲ့ ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်ကြောင့် ရုရှားအပေါ် အမေရိကန်နဲ့ အနောက်မဟာမိတ်တွေရဲ့ စီးပွါးရေး ဒဏ်ခတ် အရေးယူမှုကိုလည်း ရုရှားက ခါးစည်းခံနေရတာ ဖြစ်ပါတယ်။ ကမ္ဘာတလွှား စီးပွါးရေးကပ်ဆိုက်မယ့် အန္တရာယ်ကြုံနေရသလို ကမ္ဘာ့စီးပွါးရေးကလည်း သမိုင်းမှာ မကြုံစဖူး မခိုင်မာပဲ အားနည်းနေချိန်နဲ့ ရင်ဆိုင်နေရတယ်လို့ ဝါရှင်တန်ဒီစီမှာ ကမ္ဘာ့ဘဏ်နဲ့ တွေ့ဆုံခဲ့တဲ့ IMF အကြီးအကဲ Kristalina Georgieva က သတိပေးပါတယ်။

Your browser doesn’t support HTML5

ကမ္ဘာ့စီးပွားရေး တိုးတက်မှု ကျဆင်းနိုင်ကြောင်း IMF ခန့်မှန်း

...................................................


{{Zawgyi/Unicode}}


