ICRC လို့ခေါ်တဲ့ နိုင်ငံတကာကြက်ခြေနီအဖွဲ့ရဲ့ ဥက္ကဌ Peter Maurer ဟာ ICRC အဖွဲ့ဝင်တွေလုပ်ကိုင်ဆောင်ရွက်နေတဲ့ ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ Cox’s Bazarဒေသတွေက အခြေအနေတွေကို သွားရောက်လေ့လာဖို့ ဇွန်လ၂၅ရက် ကနေ ဇူလိုင်၃ရက်နေ့အထိ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေကို အလည်အပတ်ရောက်လာပါလိမ့်မယ်။
ICRC ဥက္ကဌဟာ ရခိုင်ပြည်နယ်အတွင်းအကြမ်းဖက်မှုတွေကြုံခဲ့ရသူတွေနဲ့လည်းတွေ့ဆုံဖို့ရှိသလို မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်၂နိုင်ငံအစိုးရကိုယ် စားလှယ်တွေနဲ့လည်းတွေ့ဆုံဆွေးနွေးသွားဖို့ရှိပါတယ်။
ICRCအဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အရ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့နဲ့လည်းတွေ့ဆုံဆွေးနွေးသွားမယ်လို့ဆိုပါတယ်။ ICRC ဥက္ကဋ္ဌ ဟာ ဇွန်လ၃၀ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရောက်မှာဖြစ်ပြီး ဝန်ကြီးချုပ် ရှိခ် ဟာစီနာနဲ့ ဝန်ကြီးတွေ၊ အစိုးရထိပ်တန်းအရာရှိတွေနဲ့လည်းတွေ့ဆုံရေး ဆက်သွယ်လိမ့်မယ်လို့မျှော်လင့်ရပါတယ်။ မြန်မာနဲ့ဘင်္ဂလားဒေ့ရှ် ၂နိုင်ငံ နယ်စပ်တွေမှာ သတင်းစာရှင်းလင်းပွဲတွေကိုလည်း ICRC ဥက္ကဌက ကျင်းပသွားဖို့ရှိပါတယ်။
မုတ်သုံရာသီမှာကြုံတွေ့ရ မယ့်အခက်အခဲတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေးအဖွဲ့တွေက အခက်အခဲတွေကြားကပဲ အကောင်းဆုံးကူညီဆောင်ရွက်နေကြတယ်။ ဒုက္ခကြုံနေသူတွေလည်းအများအပြားရှိနေတုန်းပဲလို့ ICRC ဥက္ကဋ္ဌ Peter Maurerကပြောပါတယ်။
Your browser doesn’t support HTML5