Maria မုန်တိုင်းဒဏ် Puerto Ricoမှာ လူ ၃.၄ သန်း မီးပျက်

အမေရိကန် ပြည်ထောင်စု အစိတ်အပိုင်းတခုဖြစ်တဲ့ ပွါတိုရီကိုမှာ နှစ်ပေါင်း ၈၀ အတွင်း အပြင်းထန်ဆုံး ဟာရီကိန်း မုန်တိုင်းကြောင့် လူပေါင်း ၃ သန်းခွဲ ဓာတ်အား ပြတ်တောက်သွားခဲ့ပါတယ်။

တနာရီ ၁၈၅ ကီလိုမီတာ မိုင်အားဖြင့် ၁၁၅ မိုင်နှုန်း အထိ တိုက်ခတ်ခဲ့တဲ့ မာရီယာ ဟာရီကိန်းကြောင့် လူနေအိမ်တွေ ရာနဲ့ချီ ပျက်စီးခဲ့ပြီး ရေကြီး မြေပြိုမှုတွေလည်း ဖြစ်ပွားခဲ့ပါတယ်။

ဒီမုန်တိုင်းကြောင့် ကာရစ်ဘီယံကျွန်းစု တဝိုက် လူ အနည်းဆုံး ၉ ဦး သေဆုံးခဲ့ပြီး ဗုဒ္ဓဟူးနေ့ မနက်က ပွါတူရီကို ကမ်းခြေ ကုန်းတွင်းကို ဝင်ရောက်လာခဲ့တဲ့ အတွက် ရေတွေတက်လာပြီး လမ်းမတွေဟာ မြစ်ပြင်တွေလို ဖြစ်သွားပါတယ်။

ပွါတူရီကိုမှာ အသေအပျောက် အထိအခိုက်ရှိမရှိကိုတော့ ချက်ချင်း မသိရသေးပါဘူး။ ဟာရီကိန်း မာရီယာရဲ့ ဗဟိုဟာ ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းမှာ ပွါတူရီကို မြောက်ဘက် ကမ်းလွန်ရေပြင်ဆီ ရောက်ရှိပြီး ဒိုမီနီကန် သမ္မတ နိုင်ငံကို ဝင်ရောက်မှာလို့ မိုးလေဝသ ပညာရှင်များက ခန့်မှန်းထားကြပါတယ်။

မုန်တိုင်းအားပျော့သွားသည့်တိုင် အန္တရာယ် ရှိနေဆဲ ဖြစ်လိမ့်ဦးမယ်လို့လည်း ဆိုထားကြပါတယ်။

Your browser doesn’t support HTML5

Maria မုန်တိုင်းဒဏ် Puerto Ricoမှာ လူ ၃.၄ သန်း မီးပျက်