လူကုန်ကူးခံ မြန်မာအမျိုးသမီးများ အခြေအနေ

အမေရိကန်နိုင်ငံခြားရေးဌာနက ၂၀၁၆ ခုနှစ် နိုင်ငံတကာလူကုန်ကူးမှု နှစ်ပတ်လည်အစီရင်ခံစာကို ဇွန်လ ၃၀ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။ ဒီအစီရင်ခံစာမှာ မြန်မာနိုင်ငံအနေနဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေး ကြိုးပမ်းမှုမှာ ပူးပေါင်းဆောင်ရွက်မှုမရှိတဲ့ နိုင်ငံအဆင့်ဖြစ်တဲ့ Tier-3 အဆင့် ၃ သတ်မှတ်ခြင်းခံရပါတယ်။ မြန်မာနိုင်ငံရဲ့ လူကုန်ကူးမှု ပြဿနာမှာ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံတွေမှာ ပွဲစားတွေက ဖြားယောင်းခေါ်ဆောင်ပြီး ရောင်းစားခံရတဲ့ မြန်မာအမျိုးသမီးတွေရဲ့ အခြေအနေတွေဟာ စိုးရိမ်စရာ ဖြစ်နေပါတယ်။ အကြောင်းစုံကိုတော့ ဒီသီတင်းပတ်အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်း က စုစည်းတင်ပြထားပါတယ်။

Your browser doesn’t support HTML5

လူကုန်ကူးခံ မြန်မာအမျိုးသမီးများ အခြေအနေ