မြန်မာနိုင်ငံမှာ ရင်းနှီးမြုတ်နှံမှုနဲ့ ကုန်သွယ်ရေး ကိစ္စရပ်တွေကို ဆွေးနွေးဖို့အတွက် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Hugo Swire ဟာ ရန်ကုန်မြို့ကို ရောက်ရှိပြီးတော့ မြန်မာနိုင်ငံမှာ ရင်းနှီးမြုတ်နှံကြမယ့် ဗြိတိန်လုပ်ငန်းရှင်တွေဟာ တာဝန်သိတဲ့ ရင်းနှီးမြုတ်နှံမှုတွေ လုပ်ဖို့လိုအပ်တယ်လို့ ဆိုလိုက်ပါတယ်။ မြန်မာအမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးကလည်း ပြည်တွင်းကိုဝင်ရောက်လာမယ့် ရင်းနှီးမြုတ်နှံမှုတွေမှာ ပွင့်လင်းမြင်သာပြီး တိုင်းပြည်အတွက် အကျိုးအမြတ်တွေရဖို့လိုအပ်တယ်လို့ ဆိုခဲ့ပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Hugo Swire ရဲ့ မီဒီယာတွေ့ဆုံပွဲ ကိုယ်တိုင်သတင်းယူခဲ့တဲ့ ရန်ကုန်အခြေစိုက် ဗွီအိုအေသတင်းထောက် ကိုအောင်ရဲမောင်မောင်က ပြောပြပေးထားပါတယ်။
ဗြိတိန်ဒုတိယနိုင်ငံခြားရေးဝန်ကြီးဟာ သူ့ရဲ့ မြန်မာနိုင်ငံခရီးစဉ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံဖို့ရှိသလို လူမျိုးရေးပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ဒေသကိုလည်း သွားရောက်ဖို့ရှိတယ်လို့ ဒီကနေ့ မီဒီယာတွေနဲ့တွေ့ဆုံပွဲမှာ ပြောဆိုလိုက်တာပါ။
ဗြိတိန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး Hugo Swire ဟာ မြန်မာနိုင်ငံကို ဒီဇင်ဘာလ ၁၂ရက်နေ့က ရောက်ရှိနေ တာဖြစ်ပြီးတော့ ဗြိတိန်နိုင်ငံက ကုန်သည်တွေနဲ့ မြန်မာနိုင်ငံအကြား ကုန်သွယ်မှုနဲ့ ရင်းနှီးမြုတ်နှံမှုတွေ ပြုလုပ်ဖို့ ဦးဆောင်လာတဲ့ ကိုယ်စားလှယ်ဖြစ်တယ်လို့ ဒီကနေ့ ပွဲမှာ ပြောခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ရင်းနှီးမြုတ်နှံကြမယ့် ဗြိတိန်လုပ်ငန်းရှင်တွေဟာ တာဝန်သိတဲ့ ရင်းနှီးမြုတ်နှံမှုတွေ လုပ်ဖို့လိုတယ်လို့လည်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Hugo Swire ကပြောပါတယ်။
“တာဝန်သိတဲ့ရင်းနှီးမြုတ်နှံမှုဟာ လူတွေရဲ့ဘဝတွေအတွက် အပြောင်းအလဲကောင်းတွေဖြစ်လာနိုင်စေပါတယ်။ တာဝန်သိတဲ့ရင်းနှီးမြုတ်နှံမှုဟာ အလွန်လိုအပ်နေတဲ့ အလုပ်အကိုင်တွေကို ဖန်တီးပေးနိုင်ပြီး လေ့ကျင့်သင်ကြားပေးနိုင်ရေးနဲ့ ပညာရေးအခွင့်အလမ်းတွေကိုလည်း ပေးအပ်နိုင်ပါတယ်။ ဒီအချက်တွေအားလုံးဟာ ကုန်သည်စီးပွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကို အရှည်သဖြင့် ထိန်းသိမ်းသွားနိုင်ဖို့ လိုအပ်ချက်တွေဖြစ်သလိုပဲ၊ ဒီလိုအရှည်ထိန်းသိမ်းနိုင်တဲ့ ကုန်သည်စီးပွားဖွံ့ဖြိုးတိုးတက်မှုကလည်း ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေကို တပြန်တလှည့် ပံ့ပိုးပေးသွားပါလိမ့်မယ်။”
ဗြိတိန်ကုန်သွယ်ရေးအဖွဲ့ဟာ မြန်မာနိုင်ငံတွင်းမှာ အဓိကလိုအပ်နေတဲ့ စွမ်းအင်ကဏ္ဍကို အထူးလုပ်ဆောင်ဖို့ ရှိတယ်လို့လည်း ဗြိတိန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး Hugo Swire က ပြောပါတယ်။ သယံဇာတ ထုတ်ယူရေးလုပ်ငန်းတွေမှာ ပွင့်လင်းမြင်သာမှု ရှိရေး ဦးဆုံးဆောင်ရွက်ချက် (Extractive Industries
Transparency Initiative—EITI) နဲ့ ပတ်သက်ပြီး မြန်မာအာဏာပိုင်တွေနဲ့ ဦးစွာ ဆောင်ရွက်နေတယ်လို့လည်း ဗြိတိန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး Hugo Swire က ပြောပါတယ်။
“သယံဇာတ ထုတ်လုပ်ရေး လုပ်ငန်းတွေ ပွင့်လင်းမြင်သာမှုရှိရေး၊ ကနဦးဆောင်ရွက်ချက်နဲ့စပ်လျဉ်းပြီးတော့ ကျနော်တို့ဟာ မြန်မာနိုင်ငံအစိုးရနဲ့ အလွန်ရင်းရင်းနှီးနှီး ဆောင်ရွက်နေပါတယ်။ ဒီလိုပွင့်လင်းမြင်သာမှု ရရှိရေး ကနဦးဆောင်ရွက်ချက် EITI က အခွန်အကောက်တွေ ပွင့်လင်းမြင်သာမှုကို ဖော်ဆောင်နေတဲ့ ကမ္ဘာလုံးဆိုင်ရာ စံသတ်မှတ်ချက်၊ ဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်က အချိန်ယူဖော်ဆောင်ရမှာဖြစ်ပေမယ့်၊ ကျနော်တို့ရဲ့ ထောက်ခံပံ့ပိုးမှုကို တလျောက်လုံး ပေးသွားမှာပါ။"
ပြည်တွင်းကိုဝင်ရောက်လာမဲ့ အနာဂတ်ရင်းနှီးမြုတ်နှံမှုတွေဟာ တိုင်းပြည်အတွက် အကျိုးအမြတ်တွေဖြစ်ဖို့ လိုအပ်သလို နိုင်ငံအတွက် နည်းပညာတွေကျန်ခဲ့ဖို့ကလည်း လိုအပ်တယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးလည်းဖြစ်၊ လွှတ်တော် ၂ရပ်ပေါင်း ဥပဒေကြမ်း ကော်မတီဝင်တစ်ဦးလည်းဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒေါက်တာမြတ်ညာဏစိုးက ပြောပါတယ်။
“နိုင်ငံတော်အတွက် ဘယ်လောက်အကျိုးရှိမယ်။ ပြည်သူတွေအတွက် ဘယ်လိုကောင်းကျိုး ချမ်းသာ ဖြစ်ထွန်းစေမယ်။ တဖက်မှာလည်း ပြည်သူတွေဟာ ဘယ်လိုနစ်နာဆုံးရှုံးမှုမျိုးတွေ ရှိနိုင်တယ်၊ ဘယ်လိုပြန်ပြီးတော့ ဆောင်ရွက်ပေးနိုင်တယ်ဆိုတာတွေကို ပွင့်ပွင့်လင်းလင်းမြင်မြင်သာရှိအောင်လို့ လုပ်ရပါမယ်။”
သယံဇာတထုတ်ယူရေးလုပ်ငန်းတွေမှာ မြန်မာနိုင်ငံကို အကူအညီပေးတဲ့အနေနဲ့ ကနဦးထောက်ပံ့မှု အမေရိကန်ဒေါ်လာနှစ်သိန်းခွဲပေးထားမှာ ဖြစ်တယ်လို့ မစ္စတာ Hugo Swire ကပြောပါတယ်။
ဗြိတိန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး Hugo Swireရဲ့ မြန်မာနိုင်ငံခရီးစဉ်ဟာ ဗြိတိသျှနိုင်ငံခြားရေး ဝန်ကြီး ဇူလိုင်လက မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ ခရီးစဉ်ရဲ့ နောက်ဆက်တွဲ ခရီးစဉ်လည်းဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Hugo Swire နဲ့အတူ လိုက်ပါလာခဲ့တဲ့ ဗြိတိန်စီးပွားရေးလုပ်ငန်းရှင်တွေဟာ ဒီကနေ့မှာပဲ မြန်မာနိုင်ငံ ကုန်သည်ကြီးများအသင်းက တာဝန်ရှိသူတွေနဲ့ တာဝန်သိတဲ့ ရင်းနှီးမြှပ်နှံမှု နားလည်မှုစာခွျှန်လွှာကို လတ်မှတ်ရေးထိုးခဲ့ပါတယ်။
ဗြိတိန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး Hugo Swire ဟာ မနက်ဖြန်မှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံမှာဖြစ်ပြီးတော့ မြန်မာနိုင်ငံကိုရောက်ရှိခဲ့စဉ် ရခိုင်ပြည်နယ်ကို ရောက်ခဲ့တဲ့ကိစ္စ နဲ့ပတ်သတ်ပြီးတော့ သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်မှာလည်း ဖြစ်ပါတယ်။