မြန်မာနိုင်ငံမှာ ဖမ်းဆီးခံရသူတွေ ပြန်လွတ်ရေး နိုင်ငံတကာဖိအားပေးဖို့ HRW တိုက်တွန်း

Your browser doesn’t support HTML5

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးထားသူတွေ ပြန်လွှတ်ပေးဖို့နဲ့ ထိရောက်တဲ့ အပြောင်းအလဲတွေဖြစ်ဖို့ ကုလသမဂ္ဂ၊ အာဆီယံ အပါအဝင် နိုင်ငံတကာနဲ့ ဒေသတွင်းနိုင်ငံတွေ ဒီထက်ဖိအားပေးဖို့ လိုအပ်နေကြောင်း HRW အာရှရေးရာမူဝါဒ ညွန်ကြားရေးမှူး John Sifton က ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံရသူတွေ အပါအဝင် ထိန်းသိမ်းထားသူတွေကို ပြန်လွှတ်ပေးနေပေမဲ့ လုံလောက်မှု မရှိသေးတာကြောင့် နိုင်ငံတကာက တွန်းအားပေးဖို့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့ကြီးတခုဖြစ်တဲ့ HRW က တိုက်တွန်းလိုက်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးထားသူတွေ ပြန်လွှတ်ပေးဖို့နဲ့ ထိရောက်တဲ့ အပြောင်းအလဲတွေဖြစ်ဖို့ ကုလသမဂ္ဂ၊ အာဆီယံ အပါအဝင် နိုင်ငံတကာနဲ့ ဒေသတွင်းနိုင်ငံတွေ ဒီထက်ဖိအားပေးဖို့ လိုအပ်နေကြောင်း HRW အာရှရေးရာမူဝါဒ ညွန်ကြားရေးမှူး John Sifton က ပြောပါတယ်။
မအင်ကြင်းနိုင်က စကိုက်ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။