ဖားကန့် ရေမဆေးကျောက်ရှာသူတွေနဲ့ လုံခြုံရေးတပ် ပဋိပက္ခဖြစ်

 photo ဇော်မိုးထက် ( ဖားကန့် ) ၂၀၁၆ ခုနှစ် ဟင်းတင့်ကျေးရွာအနီးက မြန်မာတကောင်းကုမ္မဏီအတွင်း လုပ်ကွက်လုံခြုံရေး ရဲတပ်ဖွဲ့ ရေမဆေးကျောက်ရှာဖွေသူများ ပဋ္ဋိပက္ခမဖြစ်ပွားရန် တားဆီးနေစဉ်

ဖားကန့်မြို့နယ် နမ့်မှော်ကျေးရွာ နဲ့မော်လကင်ကျေးရွာအနီးက ရတနာစမ်းရွှင် ကျောက်စိမ်းသစ်ရွက် လုပ်ကွက်အတွင်းမှာ ရေမဆေးကျောက်ရှာဖွေသူတွေနဲ့ လုပ်ကွက်လုံခြုံရေးရဲတပ်ဖွဲ့ရဲတပ်ရင်းအမှတ်(၃၀) တို့ ပဋ္ဋိပက္ခဖြစ်ပြီး ရဲကသေနတ်တွေနဲ့ပစ်ခတ်မူတွေခဲ့ရာမှာ ရေမဆေးကျောက် ရှာဖွေသူ ၃ဦး ထိခိုက်ဒဏ်ရာရသွားတာကြောင့် ဖားကန့် ဆေးရုံကိုပို့ ထားရတယ်လို ့ဆိုပါတယ်။ မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

ဖားကန့် ကျောက်စိမ်းတူးဖော်တဲ့ဒေသတွေမှာရုန်းရင်းဆန်ခတ်မူတွေနဲ့ ပဋိပက္ခတွေဖြစ်နေတာကြောင့် မကြာခဏဆိုသလို လူသေဆုံးမူတွေထိခိုက်ဒဏ်ရာရမူတွေက ရှိနေတာပါ။ စက်တင်ဘာလ ၆ ရက်နေ့ မနက်ပိုင်းမှာတော့ နမ့်မှော်ကျေးရွာ နဲ့မော်လကင်ကျေးရွာအနီးက ရတနာစမ်းရွှင်လို့ခေါ်တဲ့ ကျောက်စိမ်းသစ်ရွက် လုပ်ကွက်အတွင်းမှာ ရေမဆေးကျောက် ရှာဖွေသူတွေက ကုမ္ပဏီရဲလုပ်ကွက်ထဲကို ကျောက်ရှာဖွေဖို့ ဝင်ရောက်ရာကနေ လုံခြုံရေးယူထားတဲ့ ရဲတွေက ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

ဒေသခံလည်း အလွတ်သတင်းထောက်လည်းဖြစ်တဲ့ ကိုဇော်မိုးထက်က အခုလိုရှင်းပြပါတယ်။

"ရေမဆေးသမား ၃ယောက် ထိခိုက်ဒဏ်ရာရတယ် မှန်တယ်။ ဖားကန့် ဆေးရုံကြီးမှာဆေးကုသမူခံယူနေတယ်။ ဆရာဝန်ကြီးပြောတာကတော့ ဒဏ်ရာရတာက ၃ ယောက်ဟုတ်တယ် မျက်လုံးနားမှာထိတာတယောက်၊ ပေါင်မှာထိတာတယောက် ၊လက်မှာထိတာတယောက် လို့ပြောတယ ်"

ပဋိပက္ခဖြစ်ရတဲ့အခြေအနေကိုတော့ ကိုဇော်မိုးထက်က အခုလိုရှင်းပြပါတယ်။

"ဝင်ခွင့်ပြုတဲ့အချိန်မှာ တချို့ကျတော့လည်း ဝင်ရမယ့်အချိန်ထက် အထဲက လုပ်ကွက်တွေ သိမ်းနေစဲအချိန်မှာပဲ နာရီဝက်စောဝင်တာမျိုး ၁၅မိနစ်လောက်စောဝင်တာမျိုး၊ စောစော ဝင်တာမျိုးဆိုတော့ ရဲတပ်ဖွဲဝင်တွေနဲ့ တားကြဆီးကြနဲ့ မနှုင်ဘူးပေါ့ခင်ဗျ။ ရဲတပ်ဖွဲဝင်အင်အားက နည်းတယ် ။ ရေမဆေးက များတယ်ဆိုတော့ ပစ်ခတ်မှုတွေဖြစ်ကြတာပဲ"

ဖားကန့်မြို့နယ် ဆိပ်မူအုပ်စုမှာပဲ စက်တင်ဘာလ ၅ရက်နေ့ က ဘက်ဟိုးကားကြီးတွေနဲ့ ကျောက်ရှာဖွေသူတွေကိုတော့ နယ်မြေခံစစ်တပ်တပ်မ ၃၃က ဖမ်းဆီးခဲ့တယ်လို့ လည်းဆိုပါတယ်

"တပ်က မောင်းပြီးသွားတာက ၇စီး၊ ၆စီး ကတော့ရောက်သွားပြီ တစီးကတော့ပျက်နေတယ် လူကတော့ ၅ယောက်ကို ဖမ်းထားတယ်"

ဖားကန့်မြို့နယ်အတွင်းက ကျောက်စိမ်းတူးဖော်တဲ့နေရာတွေမှာ လက်ရှိပစ်ခတ်မူဖြစ်တဲ့အခြေအနေတွေနဲ့ ပတ်သက်လို့ နယ်မြေခံရဲစခန်းကို ဆက်သွယ်မေးမြန်းဖိုကြိုစားခဲ့ပေမဲ့ဆက်သွယ်လို့မရသေးပါဘူး။

ဖားကန့်ကျောက်စိမ်းဒေသဟာ ရေမဆေးကျောက်ရှာဖွေသူတွေနဲ့ လုပ်ကွက်လုံခြုံရေး ရဲတပ်ဖွဲ့ကြား မကြာခဏဆိုသလို ပဋ္ဋိပက္ခဖြစ်ပွားလေ့ရှိတာပါ၂၀၁၇ ခုနှစ်ထဲမှာပဲ လုပ်ကွက်လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မူကြောင့် ရေမဆေးလုပ်သား ၁၀ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ကိုဇော်မိုးထက်ကပြောပြပါတယ်။

၂၀၁၈ ခုနှစ်အတွင်း ဖားကန့်ကျောက်စိမ်းတွင်းတွေမှာ မြေပြိုမှု ၊ကမ်းပါးပြိုကျမှု လူပေါင်း ( ၈၀ )ကျော်သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ( ၂၀ ) ထက်မနည်းရှိနေပြီလိုလည်း ဒေသခံဆိုပါတယ်။

ဖားကန့်ဒေသတွင်းကျောက်စိမ်းတူးဖော်မူတွေနဲ့ ပတ်သက်လို့ ပြည်နယ်အစိုးရတော့ထိမ်းချုပ်ဖို့ ခက်ခဲတာကြောင့် ပြည်ထောင်စုအစိုးရကိုပဲ ထိန်းချုပ်ဖို့ တင်ပြခဲ့တယ်လို့ ပြည်နယ်လွတ်တော်ကိုယ်စားလှယ် တွေက ဆိုပါတယ်။ ပြည်ထောင်စုအစိုးရအနေနဲ့ လက်ရှိဆောင်ရွက်ချက်တွေကတော့ ဖားကန့် ကျောက်စိမ်းတူးဖော်တဲ့ နယ်မြေထဲမှာ တပ်မ ၃၃နဲ့ ရဲ တိုက်ခိုက်ရေးတပ်ရင်း ၃၀ ကိုတော့ ကုမ္ပဏီတွေအတွက် လုံခြုံရေးယူပြီးဆောင်ရွက်နေတာတွေတော့ရှိတယ် ။ ဖားကန့်ပြည်နယ်လွတ်တော်ကိုယ်စားလှယ်ဦးဒါရှီလဆိုင်းကဆိုပါတယ်။

အစိုးရ အဆက်ဆက် စည်းကမ်းမဲ့ ကျောက်စိမ်းတူးဖော်မှုတွေကို စည်းကမ်းတင်းကျပ်မှု မလုပ်နိုင်ခင်မှာ ခေတ္တဆိုင်းငံ့ထားဖို့ကိုလည်း Global Witness အပါအဝင် သဘာ၀ ပတ်ဝန်းကျင် အရေး လှုပ်ရှားနေတဲ့ အဖွဲ့တွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသစ် တက်လာကစကတော့ ၂၀၁၆ခုနှစ်ထဲမှာ တောင်းဆိုထားပေမဲ့ ကျောက်စိမ်းတူးဖော်မူတွေကတော့ ဆိုင်းငံ့ထားတာမရှိပဲဆက်လက်တူးဖော်နေဆဲဖြစ်သလို့လူသေဆုံးမူတွေကလည်းမကြာခဏဆိုသလိုဖြစ်ပေါ်နေပါတယ်။

Your browser doesn’t support HTML5

ဖားကန့် ရေမဆေးကျောက်ရှာသူတွေနဲ့ လုံခြုံရေးတပ် ပဋိပက္ခဖြစ်