လွဲချော်သွားတဲ့ ဒီမိုကရေစီလမ်းကြောင်း ပြန်လည်တည့်မတ်နိုင်ရေး

Your browser doesn’t support HTML5

ဒီမိုကရေစီလမ်းကြောင်းဆီပြန်လည်တက်လှမ်းနိုင်ဖို့ ဘာတွေလိုအပ်ပါသလဲ၊ ဘယ်လိုနည်းလမ်းတွေရှိနေပါသလဲ၊ လက်နက်ကိုင်လမ်းစဉ် က ဘယ်လောက်အရေးပါ ပါသလဲ- ပြည်သူ့ပါတီခေါင်းဆောင် ဦးကိုကိုကြီး၊ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် နဲ့ KNU အတွင်းရေးမှူး ဖဒိုစောတာဒိုမှူး တို့နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။
စစ်တပ်က ဖွဲ့စည်းပုံနဲ့အညီ လုပ်ဆောင်တာဖြစ်တယ်ဆိုတဲ့ အာဏာသိမ်းယူမှုဟာ ၂၀၀၈ ဖွဲ့စည်းပုံအရ အသက်ဝင်ခဲ့တဲ့ မစို့မပို့ ဒီမိုကရေစီ လုံးဝချုပ်ငြိမ်းစေတယ်လို့ လူတိုင်းလိုလို ယူဆနေကြပါတယ်။ ဒီအခြေအနေကနေ ဒီမိုကရေစီလမ်းကြောင်းဆီပြန်လည်တက်လှမ်းနိုင်ဖို့ ဘာတွေလိုအပ်ပါသလဲ၊ ဘယ်လိုနည်းလမ်းတွေရှိနေပါသလဲ၊ အဲဒီနည်းလမ်းတွေထဲမှာမှ လက်နက်ကိုင်လမ်းစဉ် ကကော ဘယ်လောက်အရေးပါ ပါသလဲ။ ရှင်သန်လှုပ်ရှားနေဆဲ နိုင်ငံရေးသမားတွေဖြစ်ကြတဲ့ ပြည်သူ့ပါတီခေါင်းဆောင် ဦးကိုကိုကြီး၊ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် နဲ့ KNU အတွင်းရေးမှူး ဖဒိုစောတာဒိုမှူး တို့နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။