တနင်္ဂနွေ ဟောင်ကောင်ဆန္ဒပြပွဲ လူ ၃၀၀ နီးပါး ဖမ်းဆီးခံရ

ဟောင်ကောင်မှာ ဆန္ဒပြသူတွေကို သတိပေးစာသား ပြသနေတဲ့ ရဲတပ်ဖွဲ့ဝင်များ။ (စက်တင်ဘာ ၆၊ ၂၀၂၀)

(Zawgyi / Unicode)

ဟောင်ကောင်လွှတ်တော် ရွေးကောက်ပွဲတွေ ကျင်းပပေးဖို့ ဟောင်ကောင်အစိုးရက ရွှေ့ဆိုင်းလိုက်တာကို ဆန့်ကျင် ဆန္ဒပြခဲ့ကြတဲ့ ဒေသခံတွေထဲက အနည်းဆုံး လူ ၂၉၀ ကို တနင်္ဂနွေနေ့မှာ ဖမ်းဆီးလိုက်တယ်လို့ ဟောင်ကောင်ရဲက ပြောပါတယ်။

ဖမ်းဆီးထားသူတွေထဲမှာ ၂၈၉ ဦးကို တရားမဝင် လူစုဝေးမှုနဲ့ ဖမ်းဆီးတာဖြစ်ပြီး ကျန်တဲ့ အမျိုးသမီး ၁ ဦးကိုတော့ လွတ်လပ်ရေးတောင်းဆိုတဲ့ ကြွေးကြော်သံတွေနဲ့ ဆန့်ကျင်စော်ကားတဲ့အတွက် ဖမ်းဆီးခဲ့တာလို့ ရဲက အကြောင်းပြချက် ပေးပါတယ်။ သူမရဲ့လုပ်ရပ်ဟာ အမျိုးသားလုံခြုံရေးဆိုင်ရာ ဥပဒေသစ်အရ ငြိစွန်းတာကြောင့်လို့လည်း ပြောပါတယ်။

SEE ALSO: ဟောင်ကောင်ရွေးကောက်ပွဲ ရွှေ့ဆိုင်းမှု ကန်အပြစ်တင်

ဟောင်ကောင်လွှတ်တော် ရွေးကောက်ပွဲကို စက်တင်ဘာ ၆ ရက် မနေ့တုန်းက ကျင်းပဖို့ ရှိခဲ့ပေမယ့် တနှစ်ကြာ ရပ်ဆိုင်းကြောင်း ပြီးခဲ့တဲ့ ဇူလိုင်လကုန်မှာ ဟောင်ကောင်အုပ်ချုပ်ရေးမှူး Carrie Lam က ကြေညာခဲ့ပါတယ်။

ကိုဗစ် ပြန့်ပွားကူးစက်လာနေတဲ့ အခြေအနေကြောင့် ရွှေ့ဆိုင်းရတာလို့ Carrie Lam ဘက်က ပြောနေပေမယ့် ဟောင်ကောင်ဥပဒေပြုကောင်စီမှာ အတိုက်အခံ ဒီမိုကရေစီ အင်အားစုဘက်က မဲအများစု အနိုင်ရခြေရှိတာကို စိုးရိမ်တာကြောင့် အခုလိုလုပ်တာဆိုတဲ့ ဝေဖန်မှုတွေလည်း ထွက်ပေါ်နေပါတယ်။

ဒီရွေးကောက်ပွဲဟာ တရုတ်အစိုးရက ဟောင်ကောင်အတိုက်အခံတွေကို ဖယ်ရှားဖို့ ရည်ရွယ်ထားတဲ့ အမျိုးသားလုံခြုံရေးဥပဒေကို ဇွန်လနှောင်းပိုင်း ပြဋ္ဌာန်းခဲ့ပြီးနောက် ပထမဆုံးလုပ်မယ့် ရွေးကောက်ပွဲလည်း ဖြစ်ပါတယ်။

Your browser doesn’t support HTML5

တနင်္ဂနွေ ဟောင်ကောင်ဆန္ဒပြပွဲ လူ ၃၀၀ နီးပါး ဖမ်းဆီးခံရ

---------------------------

(Unicode)





SEE ALSO: အမျိုးသားလုံခြုံရေးဥပဒေ ဟောင်ကောင်မှာ ကန့်ကွက်ဆန္ဒပြ

