(Zawgyi/Unicode)
ဟောင်ကောင်ကျွန်းက ထင်ရှားတဲ့ တက္ကသိုလ် တခုမှာ ဆန္ဒပြသူတွေနဲ့ အဓိကရုဏ်း နှိမ်နင်းရေး ရဲတွေကြား အင်္ဂါနေ့ ညပိုင်း အထိ ထိပ်တိုက်ပဋိပက္ခတွေ ဖြစ်ခဲ့ပါတယ်။ ဒါဟာ ၅ လထဲကို ရောက်ခဲ့ပြီ ဖြစ်တဲ့ ဟောင်ကောင် ဆန္ဒပြပွဲတွေထဲက အကြမ်းတမ်းဆုံး ဆန္ဒပြပွဲ လည်း ဖြစ်ခဲ့ပါတယ်။
ဟောင်ကောင် တရုတ်တက္ကသိုလ် (Chinese University of Hong Kong) က ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ ရာဘာကျည်တွေနဲ့ ပစ်ခတ်ခဲ့သလို ကျောင်းသားတွေက အုတ်ခဲတွေ၊ ဓာတ်ဆီပုလင်းတွေကို မီးရှိုှု့ပြီး တုံ့ပြန် ပစ်ပေါက်ခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ ရဲတွေက မီးသတ်ကားတွေသုံးပြီး ပြန်မဆုတ်ခင် အထိ နှက်ဘက် ထိပ်တိုက် အကြမ်းဖက်မှုတွေ ဖြစ်ခဲ့ပါတယ်။
ဟောင်ကောင်ကျွန်းက ဆန္ဒပြပွဲတွေက စနေနဲ့ တနင်္ဂနွေနေ့မှာ အများဆုံး ပေါ်ပေါက်တာပါ။ ဒါပေမယ့် တနလာၤနေ့တုန်းက ဆန္ဒပြသူတွေက လမ်းတွေ၊ ရထားတွပေါ်မှာ တားဆီး ပိတ်ပင်တာတွေ လုပ်ခဲ့ပြီးနောက် မငြိမ်မသက်ဖြစ်ခဲ့မှုက အင်္ဂါနေ့ အထိ ဆက်သွားတာ ဖြစ်ပါတယ်။
အင်္ဂါနေ့ လူအသွားအလာ ရှုပ်ထွေးချိန်မှာ ပရမ်းပတာ ဖြစ်သွားအောင် လုပ်ခဲ့ကြတဲ့ ဆန္ဒပြသူတွေဟာ အင်မတန် တကိုယ်ကောင်းဆန်တယ်လို့လည်း ဟောင်ကောင် အုပ်ချုပ်ရေးမှူး Carrie Lam က ပြောဆိုလိုက်ပါတယ်။
Your browser doesn’t support HTML5
......................
(Unicode)