Hillary Clinton ရဲ့ သမ္မတလောင်း စကားစစ်ထိုးပွဲအတွင်း ပြောကြားချက်များ

၂၀၁၆ အမေရိကန်သမ္မတ ရွေးကောက်ပွဲအတွက် ဒီမိုကရက်ပါတီကို ကိုယ်စားပြုယှဉ်ပြိုင်ခွင့်ရဖို့ ကြိုးစားနေတဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ ပထမဆုံးအကြိမ် စကားစစ်ထိုးပွဲကို အောက်တိုဘာလ ၁၃ ရက်နေ့က Las Vegas မြို့မှာ ပထမဆုံးအကြိမ် ကျင်းပခဲ့ပါတယ်။ ကိုယ်စားလှယ်လောင်း ၅ ဦးထဲက တဦးတည်းသော အမျိုးသမီးကိုယ်စားလှယ်လောင်းလည်းဖြစ်၊ နိုင်ငံခြားရေး ဝန်ကြီးဟောင်းလည်းဖြစ်၊ သမ္မတကတော်ဟောင်းလည်းဖြစ်တဲ့ Hillary Clinton က နိုင်ငံအတွက် သူရဲ့လုပ်ပေးနိုင်စွမ်းတွေနဲ့ ပတ်သက်ပြီး တင်ပြခဲ့ပါတယ်။ အခုလို အသက် ၆၈ နှစ်အရွယ် အဖွားတဦးလည်းဖြစ်တဲ့ Hillary Clinton ရဲ့ ပိုင်ပိုင်နိုင်နိုင် ပြောဆိုချက်တွေကြောင့် သူဟာ ဒီမိုကရက်ပါတီရဲ့ သမ္မတကိုယ်စားလှယ်လောင်းတဦး ဖြစ်လာမယ့်ရှေ့ပြေးအဖြစ် သုံးသပ်ခံခဲ့ရပါတယ်။ Mrs. Clinton ရဲ့ ပြောဆိုချက်တွေကို ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်းက ကောက်နှုတ် တင်ပြထားပါတယ်။