WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး က ရုတ်တရက် နှလုံးဖောက်ပြန်မှုကြောင့် နှစ်စဉ်လူပေါင်း (၁၅) သန်းကျော် သေနေရတာမို့ သေရတဲ့ ရောဂါစုစုပေါင်းရဲ့ (၃၀)% တောင်ဖြစ်နေပြီလို့ သတိပေးထားပါတယ်။
အခုလို ရုတ်တရက် နှလုံးဖောက်တာကိုဖြစ်စေတဲ့ အန္တာရယ်တွေကတော့ အရင်ထဲက စဖြစ်လာတာဖြစ်ပေမဲ့၊ တချို.မှာ ကြိုမသိမိကြတာမို့၊ ဒီအန္တာရယ်တွေကို သိထားပြီး၊ ကြိုတင်ပြုပြင်ထိန်းသိမ်းပေးနိုင်ရင် အများစုမှာ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။
ဒီလို ကြိုသိရမယ့် အန္တရာယ်တွေကတော့ သွေးတိုးရှိလာတာ၊ Cholestrol မကောင်းတဲ့ အဆီအမျိုးအစား သွေးထဲများလာတာ၊ ဆီးချိုရောဂါရှိလာတာ နဲ့ နှလုံးရောဂါဖြစ်ဖို့ မျိုးရိုးဗီဇ နဲ့ မိသားစု ရာဇဝင်ရှိထားတာ၊ ပြီးတော့ ဝလာတာ၊ ကိုယ်လက်လှုပ်ရှားမှု့နဲ့လာတာ၊ စိတ်ဖိစီးမှု့များ လာတာနဲ့ ဆေးလိပ်သောက်တာတွေ ဖြစ်ပါတယ်။
ဒီလို အန္တရာယ်ရှိသူတွေအနေနဲ့ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသောက်နေထိုင်ပုံ ပြောင်းလိုက်ပြီး၊ ပုံမှန်ဆေးစစ်တာတွေ လုပ်သင့်ပါတယ်။ ဘယ်လို စားသောက်နေထိုင်ပုံပြောင်းပြီး၊ ဘယ်လို ဆေးစစ်တာတွေလုပ်ဖို့ လိုပါသလဲ။
အခုလို ကြိုတင်ကာကွယ်စစ်ဆေးတာတွေ လုပ်နိုင်ရင်တော့ ဒီလို ရုတ်တရက် နှလုံးဖောက်တာကြောင့် အချိန်မတန်ခင် အသက်ဆုံးရှုံးရမှု့တွေကို ကမ္ဘာတဝှမ်းမှာရော မြန်မာနိုင်ငံမှာပါ အများကြီး လျော့ချနိုင်မှာပါ။
ဒီအကြောင်းတွေကို VOA သတင်းထောက် Art Chimes, Rosanne Skirble နဲ့ Carol Pearson တို့ သတင်းပို့ထားတာနဲ့ အမေရိကန်နိုင်ငံက နှလုံးရောဂါ အထူးကုဆရာဝန်ကြီး ဒေါက်တာအောင်မြိုင်ကို မေးမြန်းထားတာတွေကို ကိုဝင်းမင်းက စုစည်းတင်ပြထားပါတယ်။
(နှစ်သစ်ကူးနေ့က Heart Attack နဲ့ အချိန်မတန်ပဲ အသက်ဆုံးရှုံးခဲ့ရတဲ့ ဒေါက်တာနေဝင်းမောင် အမှတ်တရ)