WHO (World Health Organization) ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ဒီနှစ် ၂၀၁၁ ခုနှစ် စစ်တမ်းအရ လူ (၄) ဦးမှာ (၁) ဦးဟာ ဘဝရဲ့ တကြိမ်တခါမှာတော့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု့ လိုလေ့ရှိပါတယ်၊ ဒါပေမဲ့ ဒီအထဲက အနည်းစုကပဲ ဒီရောဂါဖြစ်တာကို သိနိုင်၊ လက်ခံကြပြီး၊ သိလာရင်တောင်မှ နောက်ထပ် အနည်းအကျင်းကပဲ ဆေးကုသမှု့ ခံယူကြတယ်လို့ ဆိုပါတယ်။
ဘယ်အချက်တွေကြောင့် ဒီစိတ်ရောဂါတွေ ဆက်စပ်ဖြစ်ကြရတာပါသလဲ။ ဘယ်လို စိတ်ရောဂါ အမျိုးအစားတွေက တကမ္ဘာလုံးမှာ အဖြစ်များနေကြပြီး ဘယ်လိုလက္ခဏာမျိုးတွေ ပြလေ့ရှိပါသလဲ။ လူသိများ ဖုံးဖိရခက်ပြီး အပြင်းထန်ဆုံးဖြစ်တဲ့ စိတ်ရောဂါမှာရော ဘယ်လိုလက္ခဏာတွေ ပြတတ်ပါသလဲ။ မြန်မာနိုင်ငံမှာရော ဘယ်လိုထူးခြားတဲ့ အချက်တွေကြောင့် ဒီစိတ်ရောဂါတချို့ ပိုဖြစ်နိုင်ပါသလဲ။
ဒီလို အဖြစ်များတဲ့ စိတ်ရောဂါတွေရဲ့ လက္ခဏာတွေကိုသိပြီးရင် ဖြစ်လာချိန်မှာ ဆေးကုသမှု့ခံယူပြီး၊ ဆီးချိုတို့ သွေးတိုးရောဂါတို့လို့ပဲ ပုံမှန်နေနိုင်အောင် ထိန်းပေးထားနိုင်တယ်လို့ စိတ်ကျန်းမာရေးပညာရှင်တွေက အလေးအနက်ဆိုကြပါတယ်။
ဒါပေမဲ့ ကုသမှု့ မခံယူရင်တော့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်လာနိုင်ပြီး အခြေအနေတွေ ဘယ်လို ပိုဆိုးသွားနိုင်ပါသလဲ။
ဒီအကြောင်း VOA သတင်းထောက် Mary Saner နဲ့ Art Chimes တို့သတင်းပို့ထားတာနဲ့၊ အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့တော်က စစ်မှု့ထမ်းဟောင်းဆေးရုံမှာ တာဝန်ထမ်းဆောင်နေပြီး၊ Georgetown နဲ့ George Washington တက္ကသိုလ်တွေမှာ စာသင်နေတဲ့ မြန်မာဆရာဝန် Dr. Peter Leong ကို ဆက်သွယ်မေးမြန်းထားချက်တွေကို ကိုဝင်းမင်းက စုစည်းတင်ပြထားပါတယ်။