ဟာဝိုင်ယီ လေယာဉ်ပျက်ကျမှု skydiver ၉ ဦးသေဆုံး

လေယာဉ်ပျက်ကျခဲ့ပြီး တွေ့ရတဲ့ မြင်ကွင်း (ဇွန်၊ ၂၁၊ ၂၀၁၉)

ဝေဟင်ထဲ လေဟုန်စီးမယ့် Skydiver တွေ တင်ဆောင်လာတဲ့ လေယာဉ်ငယ်တစီးဟာ ဟာဝါအီရဲ့ ကျွန်းငယ်တခုဖြစ်တဲ့ Oahu ကျွန်း လေဆိပ်ရှိရာ ပင်လယ်ကမ်းခြေနားက နေရာတခုမှာ ပျက်ကျ မီးလောင်သွားတာကြောင့် လေယာဉ်ပေါ်ပါတဲ့ လူ ကိုးဦးစလုံး သေဆုံးသွားတယ်လို့ ဒေသအာဏာပိုင်တွေက စနေနေ့မှာ ပြောပါတယ်။

အင်ဂျင်နှစ်လုံးတပ် Beechcraft King အမျိုးအစားလေယာဉ်ဟာ သောကြာညနေပိုင်း Oahu ကျွန်းမြောက်ဘက် Dillingham လေဆိပ်ကနေ ပျံတက်ပြီး မကြာခင်မှာပဲ ပျက်ကျခဲ့တာဖြစ်တယ်လို့ အမေရိကန်လေကြောင်း ထိန်းချုပ်ရေးဌာန FAA ပြောခွင့်ရ Greg Martin ကဆိုပါတယ်။

လေယာဉ်ဟာ ပြေးလမ်းကြောင်းနဲ့ အတော်လှမ်းတဲ့ နေရာမှာ ပျက်ကျပေါက်တာ ဖြစ်တယ်လို့ မျက်မြင်တဦးကပြောပါတယ်။ ဒါဟာ ဒီဒေသမှာ အင်မတန်ဖြစ်ခဲတဲ့ မတော်တဆမှု ဖြစ်တယ်လို့ မီးသတ်သမား Neves ကပြောပါတယ်။

လေယာဉ်ပျက်ကျတဲ့ နေရာကို ရောက်ဖို့ ဟိုနိုလူလူ ကျွန်းကနေ တနာရီလောက် ကားမောင်းသွားရတယ်လို့ မီးသတ်သမားတွေက ဆိုပါတယ်။

သေဆုံးသူတွေ ဘယ်သူဆိုတာ ခုချိန်ထိ ထုတ်ဖေါ် ပြောဆိုတာ မရှိသေးပါဘူး။ ခုလို လေယာဉ်ပျက်ကျမှုကို စုံစမ်းစစ်ဆေးမှု လုပ်နေပါတယ်။ ပျက်ကျသွားတဲ့ လေယာဉ်ဟာ ၁၉၆၇ ခုနှစ်ထုတ် ဖြစ်တယ်လို့ FAA ကပြောပါတယ်။

Your browser doesn’t support HTML5

ဟာဝိုင်ယီ လေယာဉ်ပျက်ကျမှု skydiver ၉ ဦးသေဆုံး