သမ္မတလုပ်ကြံခံရတဲ့ ဟေတီနိုင်ငံ အရေးပေါ် အခြေအနေ ကျေညာ

In this April 7, 2018, file photo, Haiti's President Jovenel Moise, center, leaves the museum during a ceremony marking the 215th anniversary of revolutionary hero Toussaint Louverture's death, at the National Pantheon museum in Port-au-Prince, Haiti. (AP

{{Zawgyi/Unicode}}
ဟေတီနိုင်ငံမှာ သမ္မတ လုပ်ကြံခံခဲ့ရပြီးနောက် အရေးပေါ် အခြေအနေအရ တိုင်းပြည်အာဏာကို ထိန်းချုပ်လိုက်ကြောင်း ယာယီဝန်ကြီးချုပ် ကကြေညာလိုက်ပါတယ်။

“ဖွဲ့စည်းပုံအခြေခံဥပဒေ အပိုဒ် ၁၄၉ အရ၊ ဝန်ကြီးအဖွဲ့နဲ့ အလေးအနက် တိုင်ပင်ဆွေးနွေးပြီး တိုင်းပြည်အာဏာကို ထိန်းချုပ်လိုက်ကြောင်း ကြေညာဖို့ ဆုံးဖြတ်လိုက်ပါတယ်။” လို့ ယာယီဝန်ကြီးချုပ် Claude Joseph ဗုဒ္ဓဟူးနေ့မနက် နိုင်ငံကို ပြောကြားတဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုသွားတာပါ။

ဟေတီနိုင်ငံ Port-au-Prince မြို့တော်က လူဂုဏ်တန်ရပ်ကွက်မှာရှိတဲ့ နေအိမ်မှာ သမ္မတ Jovenel Moïse ကို ဘယ်သူမှန်းမသိတဲ့ သေနတ်သမားတွေ လုပ်ကြံ သတ်ဖြတ်ခဲ့ပြီး နာရီပိုင်း အကြာမှာပဲ ဝန်ကြီးချုပ်ရဲ့ ကြေညာချက် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

တိုင်းပြည်ကို လတ်တလော တာဝန်ယူ အုပ်ချုပ်နေတဲ့ ဝန်ကြီးချုပ်ကတော့ စစ်အုပ်ချုပ်ရေး ကြေညာထားပြီး၊ နယ်စပ်တွေနဲ့ အဓိက လေဆိပ်ကိုလည်း ပိတ်ထားလိုက်ပါတယ်။

အမေရိကန် သမ္မတ Joe Biden ကတော့ လုပ်ကြံသတ်ဖြတ်မှုကို ပြစ်တင်ရှုတ်ချကြောင်း အိမ်ဖြူတော်ကနေ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။ အကျည်းတန်တဲ့ လုပ်ရပ်အပေါ် ပြစ်တင်ရှုတ်ချကြောင်းနဲ့ တိုက်ခိုက်မှုအတွင်း ဒဏ်ရာရခဲ့တဲ့ ဟေတီသမ္မတကတော် ပြန်နေကောင်းလာဖို့ ဆုတောင်းတဲ့ အကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အမေရိကန်အနေနဲ့ ဟေတီပြည်သူတွေအတွက် ဝမ်းနည်းကြောင်းနဲ့ ဟေတီနိုင်ငံ ဘေးကင်းလုံခြုံရေး လိုအပ်တဲ့ အကူအညီတွေ ပေးအပ်ဖို့ အသင့်ရှိကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

ည ၁ နာရီလောက် အချိန်မှာ သမ္မတကို လုပ်ကြံသူတွေဟာ အင်္ဂလိပ်စကားနဲ့ စပိန်စကားပြောသူတွေဖြစ်တယ်လို့လည်း ဝန်ကြီးချုပ်က ပြောဆိုခဲ့တာပါ။

သေနတ်သမားတွေဟာ အသေအချာ လေ့ကျင့်ထားတဲ့ လက်နက် အပြည့်အစုံ ကိုင်ဆောင်လာသူတွေ ဖြစ်ကြပြီး စနစ်တကျ စီစဉ်တိုက်ခိုက်ခဲ့တာလို့လည်း ပြောပါတယ်။

တိုက်ခိုက်မှုမှာ ဒဏ်ရာရခဲ့တဲ့ သမ္မတကတော်ကို ဆေးကုသပေးထားပြီး၊ တိုက်ခိုက်ခံရချိန်မှာ ရှိနေတဲ့ သမ္မတရဲ့ ကလေးတယောက်ကိုလည်း လုံခြုံစိတ်ချရတဲ့ နေရာတခုကို ပြောင်းရွှေ့ထားတယ်လို့ ယာယီဝန်ကြီးချုပ်က ပြောဆိုခဲ့ပါတယ်။

......................................................

Your browser doesn’t support HTML5

သမ္မတလုပ်ကြံခံရတဲ့ ဟေတီနိုင်ငံ အရေးပေါ် အခြေအနေ ကျေညာ

{{Unicode}}







