ကနေဒါ နိုင်ငံ တိုရွန်တိုမြို့မှာ ကျင်းပတဲ့ စက်မှုထိပ်သီး ၇ နိုင်ငံရဲ့ G7 စည်းဝေးပွဲ အတွင်း ရိုဟင်ဂျာ ပဋိပက္ခ ကိုင်တွယ်ဖြေရှင်းရေးကိုလည်း အလေးပေး ဆွေးနွေးခဲ့ကြတာပါ။ ကနေဒါ နိုင်ငံခြားရေး ဝန်ကြီး Chrystia Freeland က အခုလို ပြောဆိုခဲ့ပါတယ်။
"ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေရှ့်က ပဋိပက္ခတွေမှာ လုံခြုံရေး၊ လူသားချင်း စာနာထောက်ကူမှုတွေကို အရေးယူ လုပ်ဆောင်ရမယ့်ကိစ္စနဲ့ ဘာတွေ လုပ်နိုင်မလဲ ဆိုတာနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ၂ ရက် အတွင်း မြန်မာ့အရေးကို အချိန်ယူ ဆွေးနွေးခဲ့ကြပါတယ်။ မုတ်သုန်ရာသီ အတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပေးပို့နိုင်ရေး ဒေသတွင်း မိတ်ဖက်တွေနဲ့ အတူ ပူးပေါင်းဆောင်ရွက်တဲ့ နည်းလမ်းနဲ့ ဆောင်ရွက်ရမှာပါ။ ဒါ့အပြင် လိင်မှု အကြမ်းဖက်ခံခဲ့ရသူတွေ အရေး အထူးအလေးပေးပြီး အသက်ရှင်လွတ်မြောက်လာသူတွေ အတွက် တရားမျှတမှုနဲ့ လက်သည်တွေကို ဖော်ထုတ်ရေးကလည်း သေရေးရှင်ရေး တမျှ အရေးတကြီး ဆောင်ရွက်ရမှာပါ။"
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင်းမှာ ကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှု၊ နှိပ်စက်ညှဉ်းပန်းမှုတွေကို အမေရိကန်ပြည်ထောင်စု ဘက်ကလည်း တခြား စက်မှုထိပ်သီး ၇ နိုင်ငံ အဖွဲ့ဝင်တွေနဲ့ အတူ ရပ်တည်ပြီး ရှုတ်ချကြောင်း အမေရိကန် ယာယီ နိုင်ငံခြားရေး ဝန်ကြီးက ကြေညာခဲ့ပါတယ်။
ဒါ့အပြင် ရခိုင်ပဋိပက္ခကနေ ထွက်ပြေးကြရတဲ့ အားနည်း ချို့တဲ့သူတွေ အတွက် လူသားချင်းစာနာမှု အကူအညီအဖြစ် နောက်ထပ် အမေရိကန် ဒေါ်လာ သန်း ၅၀ ထပ်ပေးမယ်လို့ အမေရိကန် ယာယီနိုင်ငံခြားရေး ဝန်ကြီး John J. Sullivan က မနေ့ တနလာၤနေ့က ကြေညာခဲ့ပါတယ်။
Your browser doesn’t support HTML5